သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ဖလံအိုကျေးရွာနဲ့ ဇီးကုန်း (၁) ကျေးရွာကြားမှာ မိုင်းနင်းမိပြီး သက်ကြီးပိုင်း အမျိုးသား ၁ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဇူလိုင် ၂၄ ရက် မနေ့ညနေ ၄ နာရီခန့်မှာ ဖလံအိုရွာနေ အသက် ၆၅ နှစ်အရွယ် ဦးဘိုသောင်းဟာ နေအိမ်ကနေ သူရဲ့စိုက်ခင်းကိုအသွားမှာ မိုင်းနင်းမိခဲ့တာလို့ ဆိုပါတယ်။
"သူက လယ်ထဲကိုသွားတာ။ ဒီဘက်ခြမ်းရွာ(ဖလံအိုရွာ)က လူတွေကို ဇီးကုန်းဘက်ခြမ်းမသွားကြဖို့ PDF တွေဘက်က သတိပေးထားတာရှိတယ်။ ခုလည်း မိုင်းထိတာ ဇီးကုန်းဘက်ခြမ်းအရောက်မှာ ထိတာလို့ သိရတယ်"လို့ ဒေသခံတဦးကပြောပါတယ်။
ဇီးကုန်း ၁ ကျေးရွာဟာ ပျူစောထီးတွေ အထိုင်ချထားတဲ့ ကျေးရွာဖြစ်ပြီး PDF တွေ မလာနိုင်အောင် ကျေးရွာဝန်းကျင်မှာ မိုင်းထောင်လေ့ရှိတတ်တယ်လို့ ဆိုပါတယ်။
မိုင်းထိလို့ ဦးဘိုသောင်းဟာ နေရာမှာပဲ သေဆုံးသွားပြီး ဒေသခံတွေက ပခုက္ကူဆေးရုံကို ပို့ဆောင်ထားရတယ်လို့ သိရပါတယ်။
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်မှာလည်း ပခုက္ကူမြို့နယ်၊ ညောင်ပင်လှကျေးရွာ၊ ပခုက္ကူ-ဆိပ်ဖြူသွားကားလမ်းပေါ်မှာ သံဃာတော်တွေလိုက်ပါလာတဲ့ကား မိုင်းထိပြီး ၁ ပါး ပျံလွန်တော်မူကာ ၃ ပါး ဒဏ်ရာရခဲ့သေးတယ်လို့ သိရပါတယ်။
စာတည်း - လင်း
#မြေလတ်အသံ
#မကွေး #ပခုက္ကူ #ဖလံအို #ဒေသခံမိုင်းထိ #သေဆုံး
Share Share Share