ပခုက္ကူမှာ ၄ ရက်တာတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးသေဆုံး ၁၇ ဦးဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့မြို့နယ်အတွင်းမှာ ရဲစခန်းနဲ့ စစ်ကောင်စီ စစ်ကြောင်းတွေကို မတ် ၈ ရက်ကနေ ၁၁ ရက်အထိ ကာကွယ်ရေးအဖွဲ့တွေက ဒရုန်းနဲ့ ဗုံးကြဲတဲ့အပြင် မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့  မြိုင်မြို့နယ်  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဆီကသိရပါတယ်။

ပခုက္ကူမြို့နယ်အတွင်း ကြက်ထိုးရဲစခန်းနဲ့ စစ်သားအင်အား ၄၀၀ ကျော်ရှိတဲ့စစ်ကြောင်းကို မတ် ၈ ရက်ကနေ ၁၁ ရက်အထိ ဒရုန်းနဲ့ ဗုံးကြဲတဲ့အပြင် မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ပခုက္ကူမြို့မြို့နယ်အတွင်း ကမ္မရဲစခန်း၊ ကြက်ထိုးရဲစခန်း၊ ငဖောင်ခံကျေးရွာအနီး တပ်ထောက်ခံပွဲ၊ တွင်းမပျူရွာတို့အပြင် ခလရ ၂၅၁၊ ခလရ ၂၅၆၊ ခလရ ၂၅၈ နှင့် တပ်မ ၁၀၁ အင်အား ၄၀၀ ကျော်စစ်ကြောင်းကို ၄ ကြိမ်လောက်တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ် တာဝန်ခံ ဗိုလ်လက်ယာက ပြောပါတယ်။

၈ ရက် ည ၁၀ နာရီကနေ နံနက် ၂ နာရီခွဲခန့်အထိ ကမ္မရဲစခန်းကို အီနာဂါ ဗုံးသီးအလုံး ၂၀ ကြဲချတိုက်ခိုက်တာမှာ ရဲ ၁ ဦးသေဆုံး ၂ ဦးဒဏ်ရာရ၊ ၉ ရက် နံနက် ၈ နာရီခွဲခန့်မှာ ကြက်ထိုးရဲစခန်းကို အီနာဂါဗုံးသီးအလုံး ၂၀ နဲ့ ၉ နာရီခန့်မှာ ငဖောင်ခံကျေးရွာကြား အီနာဂါဗုံးသီး ၄ လုံးချတာမှာ စစ်သား ၁ ဦးနဲ့ ပျူစောထီး ၂ ဦးဒဏ်ရာရသလို ပခုက္ကူနဲ့ ပေါက်လမ်း ယူကလစ်ကုန်းမှာတပ်စွဲထားတဲ့ အင်အား ၂၀ ခန့်ရှိတဲ့ စစ်ကောင်စီတွေကို ဗုံးသီး ၆ လုံးချ တိုက်ခိုက်တာမှာလည်း စစ်သား ၄ ဦးဒဏ်ရာရ တယ်လို့ သိရပါတယ်။

အလားတူ မတ်လ ၁၀ ရက်၊ ၁၁ ရက်တွေမှာလည်း  မြိုင်မြို့နယ် တွင်းမရွာမြောက်ဘက်နဲ့ သရက်ကန်ရွာက ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို  မိုင်းပွိုင့် ၅ ပွိုင့် ၂၁ လုံးနဲ့ တိုက်ခိုက်ရာမှာ ထိခိုက်ဒဏ်ရာရတာတွေများပြီး ၄ ရက်တာ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က  ၄ ဦးသေဆုံးကာ ၁၇ ဦးဒဏ်ရာရတယ်လို့  ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တပ်ရင်း ၁ တပ်ခွဲ ၁ ဂဠုန် ၊ တပ်ခွဲ ၄ စင်္ကြာ ၊ ဝင်္ပုလွေ ပျောက်ကြားတပ်ဖွဲ့ ၊ Myaing Worries ၊ MRTF ၊ Cobra၊ Young Force ၊ Black Cheetah ၊ Super Fighter ၊ MRDF ၊ ပေါက် ပကဖ ၊ ဧရာအနောက် တပ်ဖွဲ့ ၊ ကင်တိုတပ်ဖွဲ့ ၊ PKU သူရိန် ၊ DMG တပ်ဖွဲ့ ၊ အလင်းတန်းပြောက်ကြားတပ်ဖွဲ့ ၊ Earthquake Defense Force ၊ ကမ္မတပ်ပေါင်းစုများ ဖြစ်သော KMDF ၊ PDF ကမ္မ ၊ ပခုက္ကူခရိုင် တပ်ရင်း ၁၀ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

သတင်း - ဒိန်းဂျား၊ စာတည်း-နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ပခုက္ကူ #ကြက်ထိုးရဲစခန်း #စစ်ကောင်စီ #စစ်ကြောင်း #တိုက်ခိုက်ခံရ #ဒရုန်းဗုံးကြဲ #ထိခိုက် #PDF #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10