ပခုက္ကူ၊ လေယာဥ်ကွင်းစီမံကိန်းအနီး တိုက်ခိုက်ခံရလို့ စစ်သား ၃ ဦးသေဆုံးပြီး၊ သေနတ် ၂ လက်ရ

ပခုက္ကူ၊ လေယာဥ်ကွင်းစီမံကိန်းအနီး တိုက်ခိုက်ခံရလို့ စစ်သား ၃ ဦးသေဆုံးပြီး၊ သေနတ် ၂ လက်ရ

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ရှိ စစ်ကောင်စီရဲ့လေယာဥ်ကွင်းစီမံကိန်းအနီးမှာတပ်စွဲထားတဲ့ စစ်ကောင်စီအဖွဲ့ဝင်တပ်သားတချို့ တိုက်ခိုက်ခံရပြီး ၃ ဦးသေဆုံးကာ သေနတ် ၂ လက်ရခဲ့တယ်လို့ Southern YSO PDF အဖွဲ့ဆီက သိရပါတယ်။

ဩဂုတ် ၁၅ ရက် မနက် ၁၀ နာရီ ၃၀ ခန့်မှာ အင်အား ၁၀၀ ကျော်နဲ့တပ်စွဲထားတဲ့ နေရာကနေ လမ်းလျှောက်ထွက်လာတဲ့ စစ်ကောင်စီတပ်သား ၃ ဦးကို တပ်စခန်းတဝိုက်ရှိ ကျေးရွာတရွာအနီးမှာ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ ရွာနာမည်ကိုတော့ လုံခြုံရေးအရ ထည့်သွင်းရေးသားထားခြင်းမရှိပါဘူး။ 

"ဒီကောင်တွေက အရပ်ဝတ်လေးနဲ့ သေနတ်လေးလွယ်ပြီးထွက်လာချိန်မှာ ဝိုင်းပစ်တာ။ မျက်မြင် သေတယ်ဆိုမှ သေနတ်သွားကောက်ပြီး ဆုတ်လာကြတာ"လို့ Southern YSO PDF တာဝန်ခံအောင်မောင်းက ပြောပါတယ်။ 

ကာကွယ်ရေးရဲဘော်တွေဘက်က စတင်ပစ်ခတ်ပြီးနောက်မှာ စခန်းတွင်းကျန်ရှိနေတဲ့ စစ်ကောင်စီ တပ်သားတွေဘက်ကလည်း ပြန်လည်ပစ်ခတ်ခဲ့တာကြောင့် အပြန်အလှန် ၁၀ မိနစ်ခန့်ကြာ ပစ်ခတ်ခဲ့ပြီးနောက်  G 3 ၁ လက်၊ MA 11 ၁ လက်တို့ကို သိမ်းယူပြီး ပြန်ဆုတ်လာခဲ့ရတယ်လို့ ဆိုပါတဘ်။ 

"ကျနော်တို့ဘက်က ဒီကောင်တွေကိုစောင့်ကြည့်နေတာ။ ထွက်လာတာလည်းမြင်ရော ပိုင်လောက်တဲ့ နေရာရောက်တော့ပစ်တာ။ သေနတ်သံတွေလည်းကြားရော စကစတပ်စွဲတဲ့နေရာကနေလည်း အကြီးအသေးတွေနဲ့ အစုံပဲပစ်တာ။ အဲဒီကြားကနေ သေနတ်ရအောင် ကောက်လာခဲ့တယ်"လို့ YSO PDF တာဝန်ခံအောင်မောင်းကပြောပါတယ်။

ဒီတိုက်ခိုက်မှုကို နတ်မိချောင်းစစ်ဆင်ရေးအနေနဲ့ ဆောင်ရွက်ခဲ့တာဖြစ်ပြီး Southern YSO PDF၊ ဒေါင်းစစ်သည်၊ YRG၊ ပြည်သူ့အားမာန်၊ King Cobra၊ ရေစကြို PDF တပ်ရင်း ၃၆ အဖွဲ့တွေက ပူးပေါင်း တိုက်ခိုက်ခဲ့ ကြတာပါ။

ဩဂုတ် ၁၀ ရက်ကလည်း ပခုက္ကူမြို့ဘက်ကနေ ရေစကြိုမြို့ဘက်ကို ထွက်လာတဲ့စစ်ကောင်စီ ရိက္ခာတင်ယာဥ်တန်းကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ၂၅ ဦးသေဆုံးပြီး ၅ ဦး အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ Southern YSO PDF က သတင်းထုတ်ပြန်ထားခဲ့ပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #ပခုက္ကူ #စစ်ကောင်စီ #တိုက်ခိုက် #သေဆုံး #လက်နက်ရ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10