ပခုံးထမ်းလောင်ချာထက် ၅ ဆပြင်းတဲ့ လောင်ချာကို Myingyan Black Tiger ထုတ်လုပ်နိုင်ခဲ့ (ရုပ်/သံ)

စစ်ကောင်စီစစ်ကြောင်းတွေကို ပစ်ခတ်ဖို့အတွက် မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်အခြေစိုက် Myingyan Black Tiger (MBT) အဖွဲ့က မီတာ ၆၀၀ အကွာအဝေးထိ ပစ်နိုင်တဲ့ ရှေ့ထွက်လောင်ချာလက်နက်ကြီးကို ထုတ်လုပ်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့‌ ဖေဖော်ဝါရီလ‌နောက်ဆုံးအပတ်မှာ အောင်မြင်စွာစမ်းသပ်ထုတ်လုပ်နိုင်ခဲ့ပြီး မတ်လ ၈ ရက်က ပစ်ခတ်စမ်းသပ်တာ အောင်မြင်ခဲ့တယ်လို့ Myingyan Black Tiger (MBT) မှ ဗိုလ်မိုက်ခဲက ဆိုပါတယ်။

"အဲဒီ လက်နက်ကြီးဟာ ရှေ့ထွက်လောင်ချာတွေလို တခါပစ်ပြီး ပစ်လို့မရတဲ့အမျိုးအစား မဟုတ်ဘူး။ ဒီလက်နက်ကြီးနဲ့ပစ်လိုက်လို့ ကျသွားတဲ့ကျည်က မိုင်ဝက်အတွင်း ရှိတဲ့သူ မလွတ်နိုင်ဘူး။ လက်နက်ကြီးရဲ့ ဖရိန်ဖိုးတွေကောဆို ၇ သိန်းခွဲလောက်ရှိပြီး ထည့်ပစ်ရတဲ့ကျည်နဲ့ ယမ်းကော ဆက်စပ်ပစ္စည်းတွေကောဆိုရင် ၃ သောင်းဝန်းကျင် ရှိတယ်" လို့ ဆက်ပြောပါတယ်။

အခုထုတ်လုပ်နိုင်တဲ့ ရှေ့ထွက်လောင်ချာဟာ သာမန်ပခုံးထမ်းလောင်ချာထက် ၅ ဆ ပိုပြင်းပြီး ကနဦး စမ်းသပ်စဉ်မှာ အမှားအယွင်းအနည်းငယ်ရှိပေမယ့် ၃ ကြိမ်မြောက်မှာ စမ်းသပ်အောင်မြင်ခဲ့တာဖြစ်ပြီး ထုတ်လုပ်မှုပိုင်းမှာ ရဲဘော်တွေ ထိခိုက်ဒဏ်ရာရတာတွေ မရှိခဲ့ဘူးလို့လည်း သိရပါတယ်။

တည်းဖြတ် - CM
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10