ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲဆက်လက်ပြင်းထန်

ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲဆက်လက်ပြင်းထန်

စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲဆက်လက်ပြင်းထန်နေပြီး ဘဏ်နဲ့ ရဲစခန်းနေရာ ၂ ခုကျန်ကာ စစ်ကောင်စီက မနေ့က ညပိုင်းမှာ လက်နက်ပစ္စည်းထောက်ပံ့တာတွေ ပြုလုပ်သွားတယ်လို့ မြေပြင်တိုက်ပွဲဝင်နေတဲ့ တပ်ဖွဲ့တွေဆီက သိရပါတယ်။

ပင်လည်ဘူးမြို့ကို သိမ်းယူဖို့အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်စွဲထားတဲ့ ဘဏ်(ဘဏ်ကုန်း)နဲ့ ရဲစခန်းတို့သာ ကျန်နေတာလို့ သိရပါတယ်။ 

ပြီးခဲ့တဲ့တပတ်အတွင်းမှာ မြို့နေရာအများစုကို တော်လှန်ရေးတပ်တွေ စီးနိုင်နေပြီး ရဲစခန်းပဲကျန်တဲ့အချိန်မှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ ၂ စီး၊ Y-12 ၁ စီး၊ Mi-35 ၁ စီး၊ Mi-17 ၄ စီးနဲ့ လေကြောင်းတိုက်ကာ စစ်ကူပို့ခဲ့တယ်လို့ သိရပါတယ်။

"တိုက်ပွဲက အခုထိဆက်ဖြစ်နေတုန်းပဲဗျ။ မြို့ကိုရဖို့ ကြိုးစားနေကြတုန်းပဲ။ စစ်တပ်ဘက်က အင်အားခန့်မှန်း မရဘူး။ မနေ့ည ၉ နာရီလောက်ကို Y-12 တစီးနဲ့ လက်နက်ပစ္စည်းတွေ ထောက်ပံ့ထားသေးတယ်" လို့ တော်လှန် ရေးတပ်ဖွဲ့ဝင်တဦးက ဒီနေ့မနက်ပိုင်းက ပြောပါတယ်။

မြို့သိမ်းတိုက်ပွဲမှာ စစ်တပ်က နေ့စဥ်နီးပါး အနီးနားကကျေးရွာတွေကို လေကြောင်းတိုက်ခိုက်နေပြီး ပြည်သူ ၁၀ ဦးထက်မနည်းသေဆုံးထားတယ်လို့လည်း သိရပါတယ်။

ပင်လည်ဘူးမြို့ကို သြဂုတ်လ ၁၅ ရက်က တော်လှန်ရေးတပ်တွေ ပူးပေါင်းထိုးစစ်ဆင်ခဲ့ပြီး ယနေ့အထိတိုက်ပွဲ တွေဖြစ်ပွားနေတာလို့ သိရပါတယ်။

သတင်း-အမရာ၊ စာတည်း-လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ပင်လည်ဘူး #မြို့သိမ်းတိုက်ပွဲ #ဘဏ် #ရဲစခန်း #စစ်ကောင်စီ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10