ပင်လည်ဘူး မြို့သိမ်းတိုက်ပွဲပြန် PDFတွေကို ပြည်သူတွေကကြိုဆို (ရုပ်/သံ)

ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲကပြန်လာတဲ့ ရဲဘော်တွေကို အောက်တိုဘာ ၁၆ ရက်က ယင်းမာပင်ခရိုင်အတွင်းမှာ ဒေသခံပြည်သူတွေက ကြိုဆိုခဲ့ကြတယ်လို့ ယင်းမာပင်ခရိုင် တပ်ရင်း ၁၂ ဆီက သိရပါတယ်။

ရဲဘော်တွေကို ကြိုဆိုရာမှာ လမ်းတလျှောက်မှာရှိတဲ့ ကျေးရွာဒေသခံပြည်သူတွေက ပန်းတွေ၊ မုန့်တွေ၊ အချိုရည်တွေနဲ့ ဧည့်ခံကြိုဆိုခဲ့ကြတာကို မြင်တွေ့ရပါတယ်။ 

ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲကို ယင်းမာပင်ခရိုင်အတွင်းက ယင်းမာပင်ခရိုင် တပ်ရင်း ၇၊ တပ်ရင်း ၁၀နဲ့ တပ်ရင်း ၁၂ စတဲ့ တပ်ရင်း ၃ ရင်းပေါင်းကာ ဗျူဟာ ၄၁ အဖြစ် MOD ရဲ့ညွှန်ကြားချက်အရ စစ်ကူသွားရောက်ခဲ့တာလို့ ယင်းမာပင်ခရိုင် တပ်ရင်း ၁၂  တာဝန်ရှိသူက ပြောပါတယ်။

ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲကို ၈ လနဲ့ ၄ ရက်ကြာ တိုက်ခိုက်ခဲ့ရပြီး ဗျူဟာ ၄၁ က ရဲဘော် ၂ ဦးကျဆုံးကာ ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ပင်လည်ဘူးမြို့ကိုတော့ အောက်တိုဘာ ၈ ရက်မှာ ကာကွယ်ရေးပူးပေါင်းတပ်တွေက သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီး စစ်ကောင်စီဘက်က သေဆုံးသူ ၇၀ ဦးခန့် ၊ ပျောက်ဆုံး ၂၇၅ ဦး၊ ဒဏ်ရာရသူ ၂၂၅ ဦး၊ အလင်းဝင်လာသူ ၄၈ ဦးနဲ့ စစ်သုံ့ပန်း ၁ဝ၂ ဦးဖမ်းဆီးရမိကာ လက်နက်မျိုးစုံ အလက် ၄ဝဝ ကျော်ကို ကာကွယ်ရေးတပ်တွေက သိမ်းဆည်းရရှိခဲ့တာလည်း ဖြစ်ပါတယ်။

တည်းဖြတ် - HP

#မြေလတ်အသံ

#ပင်လည်ဘူး #မြို့သိမ်းတိုက်ပွဲ #PDF #ပြည်သူ #ကြိုဆို 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10