သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲမှာ တိုက်ပွဲဝင်ခဲ့တဲ့ B-21 Kani PDF ယင်းမာပင်ခရိုင် တပ်ရင်း ၁၇ က တပ်ဖွဲ့ဝင်ရဲဘော်တွေရဲ့ မိသားစုတွေကို နိုဝင်ဘာ ၂ ရက်မှာ တပ်ဖွဲ့ဝာာဝန်ရှိသူတွေက ငွေကြေးထောက်ပံ့ခဲ့ပါတယ်။
တပ်ဖွဲ့ဝင် ရဲဘော် ၁၅ ဦးရဲ့ မိသားစုတွေအတွက် မိသားစု ၁ စုကို ငွေကျပ် ၁ သိန်းနှုန်းနဲ့ မိသားစု ၁၅ စုစာ ငွေကျပ် ၁၅ သိန်းကို တပ်ရင်းက ပထမဆုံးအကြိမ်ထောက်ပံ့ပေးခဲ့တာလို့B-21 Kani PDF ယင်းမာပင်ခရိုင် တပ်ရင်း ၁၇ တာဝန်ခံ ကိုထွေးက ပြောပါတယ်။
အဲ့ဒီတပ်ဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ အောက်တိုဘာလကတည်းက ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲမှာ ပါဝင်ခဲ့တာဖြစ်ပြီး တိုက်ပွဲဝင်သူတွေထဲမှာ ထိခိုက်ဒဏ်ရာရတဲ့ ရဲဘော်တွေရှိခဲ့ပေမယ့် ကျဆုံးတာတော့ မရှိဘူးလို့ ဆိုပါတယ်။
ယင်းမာပင်ခရိုင် တပ်ရင်း ၁၇ ဟာ ယင်းမာပင်ခရိုင်တပ်ရင်း ၁၁၊ ၂၈၊ ၂၉၊ ၃၉ တို့နဲ့အတူ ဗျူဟာ ၄၂ အဖြစ်နဲ့ ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲမှာ ပါဝင်ခဲ့တာဖြစ်ပါတယ်။
တည်းဖြတ် - HP
#မြေလတ်အသံ
#ပင်လယ်ဘူး #မြို့သိမ်းတိုက်ပွဲ #ရဲဘော် #ထောက်ပံ့
Share Share Share