သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ထုံးဘိုမြို့နယ်မြေရဲစခန်းက အမျိုးသမီးရဲတပ်သားတဦး လက်နက်၊ခဲယမ်းတွေယူဆောင်ပြီး စခန်းစွန့်ခွာထွက်ပြေးနေတယ်လို့ ပဲခူးအနောက်ခြမ်းရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ထွက်ပြေးနေတဲ့ ရဲတပ်သားအမျိုးသမီးဟာ ထုံးဘိုနယ်မြေရဲစခန်းအရှေ့ရှိ ကင်းဘန်ကာမှာ ကင်းတာဝန်ထမ်းဆောင်ရသူဖြစ်ပြီး စက်တင်ဘာ ၈ ရက် ညနေပိုင်းမှာ ကင်းတာဝန်ချိန်းပြီးတဲ့နောက် ထွက်ပြေးသွားတာလို့ ဆိုပါတယ်။
“ပျောက်နေတာက ၈ ရက်လောက်ကတည်းက။ သိတာက ၉ ရက်နေ့မှ ပျောက်နေမှန်းသိတာ။ ကင်းတာ၀န်အလွှဲအပြောင်းလုပ်ပြီး သေနတ်တလက်နဲ့ ကျည်တွေယူပြီး ထွက်ပြေးသွားတာ။ ခုထိလည်း ရှာမတွေ့သေးဘူး" လို့ ပဲခူးတိုင်းအနောက်ခြမ်း ရဲတပ်ဖွဲ့နဲ့နီးစပ်သူတဦးက မြေလတ်အသံကို ပြောပါ တယ်။
ပဲခူးအနောက်ခြမ်းဒေသ နယ်မြေစခန်းတချို့မှာ အင်အားလိုအပ်ချက်တွေကြောင့် အမျိုးသမီးရဲတပ်ဖွဲ့ဝင်တွေပါ ကင်းလုံခြုံရေးအတွက် ဝင်ရောက်တာဝန်ယူနေရတယ်လို့လည်း သိရပါတယ်။
ထွက်ပြေးနေတဲ့ ရဲတပ်ဖွဲ့ဝင်အမျိုးသမီးနဲ့အတူ ၎င်းကိုင်ဆောင်တဲ့ MA 13(အူဇီ) သေနတ် ၁ လက်၊ ကျည်ဘောက် ၂ ခုနဲ့ ၉ မမ ကျည် ၁၀၀ တောင့်ဝန်းကျင် ယူဆောင်ထွက်ပြေးသွားတာဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိမှာ လက်နက်နဲ့အတူ ထွက်ပြေးလွတ်မြောက်နေတဲ့ အမျိုးသမီးရဲတပ်ဖွဲ့ဝင်ကို စစ်အုပ်စုဘက်က ထုံးဘိုနယ်မြေတဝိုက်အပါအဝင် နီးစပ်ရာမြို့နယ်တွေမှာ ပိတ်ဆို့ရှာဖွေနေတယ်လို့ သိရပါတယ်။
ပုံစာ - စက်တင်ဘာ ၈ ရက်က ပန်းတောင်းမြို့နယ်၊ ထုံးဘိုတိုက်နယ်ဆေးရုံအနီး စုပေါင်းသန့်ရှင်းရေးလုပ်နေသည့် အမျိုးသမီးရဲတပ်ဖွဲ့ဝင်များ။
စာတည်း - ရင်ငြိမ်း
#မြေလတ်အသံ
#ပဲခူး #ပန်းတောင်း #ထုံးဘို #နယ်မြေရဲစခန်း #အမျိုးသမီး #ရဲတပ်သား #ထွက်ပြေးမှု #သတင်း
Share Share Share