သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ရှိ မဟာမြတ်မုနိ တိုက်ပွဲရှောင်စခန်း မီးဘေးသင့်ပြည်သူ များ ပြန်လည်ထူထောင်ရေးလုပ်ငန်း ကော်မတီဖွဲ့စည်းရာတွင် မြောက်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် ကျောက်တော်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့တို့ဖြင့် မေလ ၉ ရက်နေ့တွင် ဖွဲ့စည်းလိုက်သည်။
အဆိုပါကော်မတီကို ရခိုင်ပြည်နယ်မှ ပရဟိတသမားများမပါဝင်ဘဲ ဖွဲ့စည်းလိုက်ခြင်းကြောင့် ပြည်တွင်း၊ ပြည်ပအလှူရှင်များအနေဖြင့် မလှူဒါန်းဘဲနောက်ဆုတ်သွားနိုင်ကြောင်းနှင့် ယခုလိုကိစ္စရပ်များမှာမှု ပရဟိတသမားပြည်သူများကသာ ဆောင်ရွက်ရမည့်ကိစ္စဖြစ်သည်ဟု အမည်မဖော်လိုသည့် စစ်ဘေးရှောင်အရေးကူညီပေးနေသူတဦးက ပြောသည်။
"ဖွဲ့စည်းပုံနဲ့ပတ်သက်လို့ အခုပရဟိတအသင်း လုပ်တဲ့အလှူရှင်တွေ နောက်ဆုတ်သွားနိုင်တယ်။ အခုတောင် နောက်ဆုတ်ဖို့စကား ပြောနေကြပြီ။ စစ်ကောင်စီက နေရာတကာမှာ သူတို့အစိုးရတရပ် အနေနဲ့ဝင်လုပ်နေတာက နေရာမကျဘူး။ ဒီကိစ္စတွေက ပြည်သူတွေလုပ်ရမယ့်ကိစ္စတွေ ဟာတွေဖြစ်တယ်။ စစ်ကောင်စီကလုပ်ချင်လို့ရှိရင်တောင် စစ်ဘေးရှောင်အဖွဲ့အစည်းတွေကို ပုဒ်ဖြတ်အနေနဲ့ တတ်နိုင်သလောက် ကူညီပေးရင်ပြီးတဲ့ကိစ္စကို ဒီလောက်အထိဝင်လို့ လုပ်ဖို့မသင့်တော်ဘူး"ဟု သူကဆက်ပြောသည်။
ယခုဖွဲ့စည်းခဲ့သည့်ကော်မတီတွင် ကျောက်တော်မြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးမောင်ဝင်းမှာ ဥက္ကဌနှင့် စစ်ကောင်စီ စစ်တပ်မှ ဗိုလ်မှူးအောင်ဇေယျသိန်းအပါအဝင် ၁၅ ဦးတို့ ပါဝင်ကြေင်း သိရသည်။
မဟာမြတ်မုနိစစ်ဘေးရှောင်စခန်းမှာ ပြီးခဲ့သည့် မေလ ၈ ရက် ည ၁၂ နာရီကျော် အချိန်ခန့်တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ တဲဆောင် ၂၆၂ ဆောင် ပြကျသွားခဲ့သည်။
#မြေလတ်အသံ
Share Share Share