ပိန်းဇလုပ် ခမရ ၂၆၄ တပ် ဒုတိယအကြိမ်တိုက်ခိုက်ခံရ

ပိန်းဇလုပ် ခမရ ၂၆၄ တပ် ဒုတိယအကြိမ်တိုက်ခိုက်ခံရ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ပိန်းဇလုတ်မြို့အခြေစိုက် ခမရ ၂၆၄ တပ် ဒုတိယအကြိမ် တိုက်ခိုက်ခံရတယ်လို့ သိရပါတယ်။

အဲ့ဒီတပ်ထဲကို ဇန်နဝါရီလ ၂၈ ရက် မနေ့ကညနေ ၃ နာရီခွဲခန့်မှာ ညောင်လေးပင်မြို့နယ် ပကဖ နဲ့ ကျောက်တံခါးမြို့နယ် ပကဖ တို့ပူးပေါင်းပြီး M79 နဲ့ ပစ်ခတ်ခဲ့တာလို့ ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူကပြောပါတယ်။

"M 79 နဲ့ ၁ ချက်ဘဲ သွားပစ်ခဲ့ရတယ်။ သူတို့ထဲကို ပစ်ခတ်ရတော့ အထဲကနေလည်း ပြန်ပစ်တာတွေလုပ်တယ်။ ခုသွားပစ်တာက တပ်ဝန်းထဲကိုကျတာဆိုတော့ ထိခိုက်မှုတော့ရှိနိုင်တယ်။ ဒါပေမယ့် သူတို့တပ်ဝင်းထဲဆိုတော့ ထိခိုက်မှုအခြေအနေ အသေးစိတ် သိရဖို့တော့မလွယ်ဘူး"လို့ ပြောပါတယ်။

အဲဒီပစ်ခတ်မှုကြောင့် စစ်ကောင်စီရဲ့ တပ်အတွင်းထိခိုက်ပျက်စီးမှု အခြေအနေကိုသိရဖို့ ဆက်လက်စုံစမ်းနေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ဇန်နဝါရီလ ၁၀ ရက်ကလည်း အဆိုပါ ခမရ ၂၆၄ တပ်အတွင်းကို တော်လှန်ရေးတပ်ဖွဲ့တွေက M79 နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦးသေဆုံးပြီး အဆောက်အဦးအချို့ ထိခိုက်ပျက်စီးမှုတွေရှိခဲ့သေးတယ်လို့ သိရပါတယ်။ 

သတင်း − ကျော်ကြီး၊ စာတည်း −လင်း 

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10