ပုလဲမြို့ပေါ်မှာ ကင်းလှည့်နေတဲ့ စစ်အုပ်စု တိုက်ခိုက်ခံရလို့ ၁ ဦးသေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ပုလဲမြို့ပေါ်က ပုလဲ-ဂန့်ဂေါကား လမ်းမပေါ်မှာ ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်သားတွေ မေလ ၈ ရက်မနက် ၉ နာရီကျော်လောက်မှာ တိုက်ခိုက်ခံရတာကြောင့် စစ်သား ၁ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိသွားခဲ့ကြတယ်လို့ PDF တာဝန်ရှိသူက ပြောပါတယ်။

စစ်ကောင်စီတပ်သား အင်အား ၁၀၀ ကျော်ကို ၃ ဖွဲ့ခွဲပြီး ကင်းလှည့်နေကြချိန် PDF ၅ ဖွဲ့က သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဟိန္နက Local People Defence Force -YMB မြို့ပြ​ပျောက်ကြားတပ်ဖွဲ့ရဲ့ ခေါင်းဆောင် ကိုဂန့်က ပြောပါတယ်။

စစ်ကောင်စီဘက်ကလည်း PDF တွေရဲ့ ထွက်ပေါက်လမ်းတွေကို ပိတ်ဆို့ပြီးတော့ ပြန်လည် ပစ်ခတ်ခဲ့တာကြောင့် အပြန်အလှန်ထိတွေ့တိုက်ခိုက်မှု ၁၅ မိနစ်ကြာမြင့်ခဲ့ပြီးနောက် ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ကိုဂန့်က ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို ဟိန္နက Local People Defence Force - YMB မြို့ပြ​ပျောက်ကြားတပ်ဖွဲ့၊ Thakhin Brown Peocack PDF၊ B21 PDF၊ Pale Local PDF၊ မုဆိုးလေးအဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

တည်းဖြတ် - ငြိမ်းဇော်
#မြေလတ်အသံ

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10