ပေါက်နယ်မြောက်ပိုင်းက စစ်ရှောင် စာသင်ကျောင်း ၂ ကျောင်းအတွက် သင်ထောက်ကူတွေထောက်ပံ့ (ရုပ်/သံ)

မကွေးတိုင်း၊ ပေါက်မြို့နယ်မြောက်ပိုင်းမှာ စစ်ဘေးရှောင်ရင်း ပညာသင်ကြားနေရတဲ့ စာသင်ကျောင်း ၂ ကျောင်းကို စာအုပ်နဲ့စာရေးကိရိယာတွေကို ထောက်ပံ့ခဲ့တယ်လို့ ကျေးလက်ဒေသပြောက်ကျားတပ်ဖွဲ့ဆီကနေ သိရပါတယ်။

ယမန်နေ့ သြဂုတ်လ ၅ ရက်က သွားရောက်လှူဒါန်းခဲ့တာဖြစ်ပြီး ကျောင်း ၂ ကျောင်းမှာရှိတဲ့ KG တန်းကနေ Grade-5 အထိ ကျောင်းသူ/ကျောင်းသား ၂၀၀ ကို ထောက်ပံ့လှူဒါန်းခဲ့တာလို့ကျေးလက်ဒေသပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

အဲဒီဒေသမှာ စစ်ဘေးရှောင်ရင်း စာသင်နေရတဲ့ကျောင်း ၅ ကျောင်းရှိပြီး ကျောင်းသုံးဗလာစာအုပ် နဲ့ ခဲတံတွေ အဓိကလိုအပ်တယ်လို့ သိရပါတယ်။

ကူညီထောက်ပံ့မှုတွေလုပ်ခဲ့တဲ့ ကျောင်းတွေနဲ့ကျေးရွာတွေကိုတော့ လုံခြုံရေးအရ ထုတ်ဖော်ပြောဆိုလိုမရဘူးလို့ ဆိုပါတယ်။

စာတည်း-နွေဦးငြိမ်းချမ်း၊ တည်းဖြတ်-HP

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10