ပေါက်မှာ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဗိုလ်ကြီး ၁ ဦးနဲ့ တပ်ကြပ် ၁ ဦးသေဆုံး

ပေါက်မှာ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဗိုလ်ကြီး ၁ ဦးနဲ့ တပ်ကြပ် ၁ ဦးသေဆုံး

 

 

မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်းမှာ ဇန်နဝါရီလ ၂၇ ရက်ဒီနေ့လယ်ပိုင်းက စစ်ကောင်စီတပ်သားတွေနဲ့ ဒေသခံကာကွယ်ရေးတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပါတယ်။ 

ယာကြီးပြင်ကျေးရွာကနေ ပေါက်မြို့ဘက်ကိုလာတဲ့ ကပစ ၂၄ ကစစ်သားတွေနဲ့ အုန်းတောရွာအနီး  စစ်ဆေးရေးလုပ်နေတဲ့ PDF တို့ ဒီနေ့လယ် ၂ နာရီ ၄၅ မိနစ်လောက်မှာတိုက်ခိုက်ခဲ့တာလို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - မြိုင်မြို့နယ်မှ ဗိုလ်လက်ယာက ပြောပါတယ်။ 

“အုန်းတောရွာအနီးမှာ စစ်ဆေးရေးလုပ်နေတဲ့အချိန် စစ်သားတွေက Mark-2 ကားနဲ့လာပြီး ကျနော်တို့ စစ်ဆေးနေတာမြင်တော့ သူတို့ဘက်ကအရင်ဆုံးပစ်တယ်၊ ကျနော်တို့အဖွဲ့တွေကလည်း အကုန်ဝိုင်းပြီး ပြန်ပစ်တယ်” လို့ ပြောပါတယ်။ 

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ဗိုလ်ကြီး ၁ ဦးနဲ့ တပ်ကြပ် ၁ ဦးသေဆုံးကာ ဗိုလ် ၁ ဦးကတော့ လက်ရှိမှာဆေးရုံတက် ကုသနေရတဲ့အပြင် Ma-3 ၁ လက်၊ ကျည်ဘောက် ၁ ခု၊ ကျည် ၆၈ ထောင့်၊ စကားပြောစက် ၁ လုံး နဲ့ အင်္ကျီ ၁ ထည် တို့ကိုလည်းသိမ်းဆည်းနိုင်ခဲ့တယ်လို့ ဗိုလ်လက်ယာက ဆက်ပြောပါတယ်။ 

သေဆုံးသူနဲ့ ဒဏ်ရာရသူတွေကိုတော့ တပ်တွင်းသတင်းပေး (ဖရဲသီး)တွေရဲ့ သတင်းပေးချက်အရ အတည်ပြုနိုင်ခဲ့တာလို့ ဆိုပါတယ်။ 

ဒီတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - မြိုင်မြို့နယ်၊ မြိုင် ပကဖ ရင်း ( ၁ )၊ ပေါက် ဗိုလ်တစ္ဆေအဖွဲ့၊ ပေါက်ကျေးရွာ ကာကွယ်ရေးအဖွဲ့တွေနဲ့ YDF တပ်ရင်းတို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး တိုက်ခိုက် ခံရပြီးနောက် PDF ရဲဘော် ၁ ဦး ပေါင် နဲ့ ခြေဖ‌နောင့်ကို ထိမှန်ခဲ့ပေမယ့် စိုးရိမ်ရတဲ့အခြေအနေမဟုတ်ဘူးလို့လည်း သိရပါတယ်။ 

ပြီးခဲ့တဲ့ဒီဇင်ဘာလ ၂၆ ရက်ကလည်း မြိုင်မြို့နယ် Well-2 ရေနံမြေစခန်းက မိုင်းရှင်းဖို့ထွက်လာတဲ့ စစ်သားနဲ့ပျူတွေကို တဲကြီးရွာအနီးမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - မြိုင်မြို့နယ်အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး ပျူ ၁ ဦး သေဆုံးခဲ့ပါသေးတယ်။ 

#မြေလတ်အသံ 

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10