သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အိမ်တွေမီးရှို့ဖျက်ဆီးလို့ ထွက်ပြေးခဲ့ရတဲ့ စစ်ရှောင် ၇၀၀ ကျော်ဟာ ပျူစောထီးတွေရန်ကြောင့် သူတို့နေထိုင်ရာ ကျေးရွာကို မပြန်ရဲသေးဘဲ စားဝတ်နေရေး အခက်အခဲဖြစ်နေတယ်လို့ ဒေသခံရွာသားတွေက ဆိုပါတယ်။
မေလနှောင်းပိုင်းမှာ ၅ ရက် ဆက်တိုက်မီးရှို့ခံရတဲ့ ပေါက်မြို့နယ်၊ ချောင်းနားရွာဟောင်းဟာ ပျူစောထီးရွာတွေကြားမှာရှိနေပြီး ပျူစောထီးတွေရန်ပြုမှာကို ကြောက်လန့်တဲ့အတွက် ကျေးရွာကို မပြန်ရဲသေးဘဲ အခုချိန်ထိ စစ်ရှောင်နေတာမှာ စားဝတ်နေရေးခက်ခဲနေတာလို့ ဆိုပါတယ်။
"ပျူရွာတွေနဲ့နီးလို့ တယောက်မှ ရွာပြန်မကပ်နိုင်ကြသေးဘူး။ စားဝတ်နေရေးက အဆင်မပြေကြဘူးလေ။ အလုပ်လည်းမရှိကြဘူး။ အသိမိတ်ဆွေတွေ ကျွေးတာပေးတာစားနေရတယ်။ ဘာမှလည်း ပါမလာကြဘူးလေ။ အကုန်မီးထဲပါကုန်ကြတာ" လို့ ချောင်းနားရွာဟောင်း ရွာသားတဦးက မြေလတ်အသံကိုပြောပါတယ်။
ချောင်းနားရွာဟောင်းမှာ အိမ်ခြေ ၁၃၀ ကျော်၊ လူဦးရေ ၇၀၀ ကျော်ရှိတဲ့ ကျေးရွာဖြစ်ပါတယ်။ စစ်သားနဲ့ပျူတွေ က မီးရှို့လို့ အိမ်ခြေ ၁၂၅ လုံးပျက်စီးခဲ့ရပြီး စိတ်ကျန်းရေးမကောင်းသူ အသက် ၃၀ ကျော်ရှိ အမျိုးသားတဦးကို စစ်တပ်က ပစ်သတ်ခဲ့သလို ပြည်သူပိုင်ပစ္စည်းတွေကိုလည်း ပျူစောထီးတွေက ခိုးယူသွားကြတယ်လို့ သူကဆက်ပြောပါတယ်။
စစ်ရှောင်ပြည်သူတွေမှာ မိုးရာသီစပါးစိုက်ပျိုးရန်မှာလည်း လယ်တွေက ချောင်းနားရွားဟောင်းရဲ့ အရှေ့ဘက်နဲ့တောင်ဘက်က ပျူစောထီးရွာနားမှာရှိနေတာကြောင့် စပါးမစိုက်ဖြစ်ကြဘူးလို့ဆိုပါတယ်။
ချောင်းနားရွာဟောင်းရဲ့ တောင်ဘက်မှာ တပ်ကုန်းနဲ့ရွာသစ်၊ အနောက်ဘက်မှာ သစ်ချိုကုန်း၊ အရှေ့ဘက်မှာ ကိုင်းလယ်ရွာတွေရှိပြီး အဲ့ဒီကျေးရွာတွေဟာ ပျူစောထီးရွာတွေဖြစ်သလို စစ်သားနဲ့ရဲတွေ တပ်စွဲထားတဲ့ရွာတွေဖြစ်တယ်လို့ တော်လှန်ရေးရဲဘော် ကိုနတ်ဆိုးက ပြောပါတယ်။
စစ်ရှောင်ပြည်သူတွေဟာ နီးစပ်ရာရွာမှာ တဲတွေထိုးနေရတာရှိသလို ဆွေမျိုးတွေအိမ်မှာ ကပ်နေရတာ၊ စာသင်ကျောင်းနဲ့ ဘုန်းတော်ကြီးကျောင်းတွေမှာ စုဖွဲ့နေထိုင်နေရပြီး စားဝတ်နေရေးခက်ခဲနေကြတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၁၁ ရက်ကလည်း ရွာသစ်ပျူရွာကို တော်လှန်ရေးပူးပေါင်းအဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးနဲ့ ပျူစောထီး ၇ ဦးသေဆုံးပြီး ၂၀ ကျော်ဒဏ်ရာရရှိခဲ့သလို Mi 35 ရဟတ်ယာဉ်တစီးနဲ့စစ်တပ်ဘက်က ဗုံးကြဲပစ်ခတ်ခဲ့ရာ ချောင်းနားရွာဘုန်းကြီးကျောင်း ဗုံးစတွေထိမှန်ခဲ့ပါသေးတယ်။
ပုံစာ- ၂၀၂၃ ခုနှစ်၊ မတ်လအတွင်း ပေါက်မြို့နယ် ကျေးရွာအချို့မှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြစဥ်။ (ပုံဟောင်း)
စာတည်း - လင်းဇေ
#မြေလတ်အသံ
#မကွေးတိုင်း #ပခုက္ကူခရိုင် #ပေါက်မြို့နယ် #စစ်ရှောင် #ပျူစောထီး #သတင်း
Share Share Share