ပေါင်းတည်က ပဲခူးရိုးမအစပ်မှာ စစ်ကောင်စီက လေယာဥ်နှစ်စီးဝဲပျံပြီး ​စစ်ကူပို့နေ

ပေါင်းတည်က ပဲခူးရိုးမအစပ်မှာ စစ်ကောင်စီက လေယာဥ်နှစ်စီးဝဲပျံပြီး ​စစ်ကူပို့နေ

ပဲခူးတိုင်းအနောက်ခြမ်း ပေါင်းတည်မြို့နယ် ပဲခူးရိုးမအစပ်မှာ စစ်ကောင်စီတပ်တွေက  ဇူလိူင် ၂၉  ရက် ဒီနေ့မက်ပိုင်းကစလို့  လေယာဥ် ၂စီးနဲ့ ဝဲပျံကာ မြေပြင်ကလည်း တပ်အင်အားဖြည့်တင်းနေတယ်လို့ ဒေသခံတွေက ပြောတယ်။

ဒေသခံကျေးရွာတွေကိုလည်း ရဟတ်ယာဥ်တွေ ပျံသန်းခဲ့တာကြောင့် ရွာသားတွေလည်း ကြောက်ရွှံ ပုန်းရှောင်ကြတယ်လို့ ဆိုပါတယ်။

"မနက်ကလေယာဥ် ၂ စီးပေါ်မှာ စစ်သားတွေက  လက်နက်တွေကို မြေပြင်ကို ချိန်ပြီး ဝဲနေတယ် တော်တော်ကြာတယ် ရွာတွေဖက်ကလည်း ကြောက်လို့ ရှောင်နေကြတာ အခုတော့ လေယာဥ်ပျံတာမျိုး မရှိတော့ဘူး "လို့ မျက်မြင်တွေခဲ့ရတဲ့ ဒေသခံတွေက ပြောပါတယ်။

 စစ်ယာဥ်တန်းတွေနဲ့ တောင်ပေါ်ဒေသဘက်ကို စစ်ကူပို့နေတာလို့ ဆိုပါတယ်။

"ရဲကားတွေ စစ်ကားတွေလည်းပါတယ် စစ်သား ၆ ယောက်ကလည်း ဆိုင်ကယ် ၃ စီးနဲ့  စစ်ရောင် DCကားပေါ်မှာလည်း စစ်သားအပြည့်နဲ့ အင်အား စုစုပေါင်း ၃၀ လောက်တော့ရှိမယ် တောင်ပေါ်ဒေသဘက်ကို  ဝါယာလက်စက်တွေရောပါသွားတယ် ညကတည်းက စစ်ကားက ၆ စီးလောက်တက်နေတာ "လို့ ဒေသခံတွေကပြောပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီဘက်က စစ်ကြောင်းထိုးကာ တောနင်းတာမျိုး မပြုလုပ်သေးပဲ အင်အားဖြည့်တင်းနေပြီး ဒေသခံတွေကတော့ စိုးရိမ်​နေကြပါတယ်။

ပေါင်းတည် PPDFရဲ့ လက်ချက်နဲ့ ဇူလိူင် ၂၈ ရက်မနေ့က စစ်ကောင်စီဘက်က သိမ်ကုန်းကျေးရွာ တာဝါတိုင်စောင့်  အရာရှိတဦးအပါ စစ်သား ၄ ဦး သေဆုံးတာနဲ့ ပတ်သက်ပြီး မကျေနပ်တာကြောင့် အခုလို လေယာဥ်နဲ့ ဝဲပျံ ခြိမ်းခြောက်ကာ အင်အားဖြည့်တင်း နေတာဖြစ်တယ်လို့  ဒေသခံတွေဆီက သိရပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10