သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်းအနောက်ခြမ်းပေါင်းတည်မြို့လျပ်စစ်ရုံးကို ဒီနေ့မနက်၉နာရီ ၁၅မိနစ်လောက်က ဗုံးတလုံးပေါက်ကွဲခဲ့တယ်လို့ မြို့ခံတဦးကပြောပါတယ်။
မီတာခအဓမ္မကောက်ခံနေတာနဲ့ မီတာအသစ်တပ်ဆင်တဲ့ပြည်သူတွေအပေါ်မှာ လာဘ်စားတာရယ်ကြောင့် အခုလို သတိပေးဖေါက်ခွဲခဲ့တာလို့ သိရပါတယ်။
"ပေါင်းတည်မြို့မှ အတင်းအဓမ္မကောက်ခံနေတာရယ် နောက်တခါ မီတာခအသစ်တပ်ဆင်ချင်လို့ အသစ်လျောက်တဲ့သူတွေကို ပေါင်းတည်လျပ်စစ်မြိူ့မှူးက သူ့ကို သီးခြားလာဘ်မထိုးဘူးဆိုရင်အဲလူတွေကိုခက်ခဲကြန့်ကြာအောင်လုပ်တယ် ဒါကြောင့် ပထမအကြိမ် အသံဗုံးနဲ့သတိပေးဗုံးခွဲခဲ့တာပါ လူနဲ့အဆောက်အဉီထိခိုက်မူမရှိပါဘူး" လို့ ပေါင်းတည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF)နဲ့နီးစပ်သူတဦးကပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၃ ရက်နေ့ကလည်း ပေါင်းတည်PPDFဟာ မြို့ပေါ်မှာရှိတဲ့မီးရထားဘူတာကို လုံခြုံရေးယူဖို့ လာတဲ့ စစ်ကောင်စီတွေကို ပြင်းအားမြင့်အဝေးထိန်းမိုင်းနှစ်လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီ ၂ဦးနေရာမှာ ပွဲချင်းပြီးသေကာ ၁ဦးပြင်းထန်ဒဏ်ရာရအောင် လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။
Share Share Share