ပဲခူးတိုင်းကသတင်းထောက်တဦး ထောင် ၃ နှစ်ချမှတ်ခံရပြီး နောက်တိုးအမှုတခုနဲ့ ထပ်မံတရားစွဲထား

ပဲခူးတိုင်းကသတင်းထောက်တဦး ထောင် ၃ နှစ်ချမှတ်ခံရပြီး နောက်တိုးအမှုတခုနဲ့ ထပ်မံတရားစွဲထား

ပဲခူးတိုင်းဒေသကြီးအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်က သတင်းထောက် တဦးဖြစ်တဲ့ ကိုငြိမ်းချမ်းဝေကို စစ်ကောင်စီက  ဒီဇင်ဘာ ၁၆ ရက်နေ့က သာယာဝတီထောင်ရုံး ချိန်းမှာ ပုဒ်မ ၅၀၅(က)အမှုအတွက် ထောင်ဒဏ် ၃ နှစ်အမိန့်ချလိုက်ကြောင်း သိရပါတယ်။

ကိုငြိမ်းချမ်းဝေကို နောက်တိုးအမှုတခုအနေနဲ့ ပုဒ်မ ၁၂၃ (ဂ)နဲ့ ပါ စစ်ကောင်စီက အမှုဖွင့်ထပ်ဖွင့်ထားပြီး၊ သူကိုဖမ်းဆီးချိန်မှာ လက်ပံတန်းမြို့နယ်၊ ခမုံဆိပ်ကျေးရွာက သူတိမ်းရှောင်နေတဲ့နေရာမှာ ဖမ်းဆီးခဲ့ခြင်းဖြစ်ပါတယ်။

အာဏာသိမ်းပြီးနောက်စစ်ကောင်စီက ပုဒ်မ ၅၀၅(က)ဖွင့်ထောင်ချခံရတဲ့ သတင်းသမားတွေကိုပြန်လွှတ်ပေးခဲ့ပေမယ့် ပုဒ်မ၅၀၅ (က)နဲ့ အမှုရင်ဆိုင်နေရတဲ့ ကိုငြိမ်းချမ်းဝေကတော့ ထောင် ၃ နှစ် အမိန့်ချခံလိုက်ရကြောင်း သိရပါတယ်။

ကိုငြိမ်းချမ်းဝေကို မတ်လ ၁၉ ရက်နေ့မှာ ပုဒ်မ၅၀၅ (က)နဲ့စစ်ကောင်စီက ဖမ်းဆီးအမှုဖွင့်ခဲ့တာဖြစ်ပြီး   ဒီဇင်ဘာလ ၁၆ ရက်နေ့မှာ၎င်းပုဒ်မအတွက် ရက်ပေါင်း ၂၇၃ ရက်ကြာ တရားရင်ဆိုင်အပြီးမှာ ထောင်ဒဏ် ၃ နှစ်ချမှတ်လိုက်တာဖြစ်ပါတယ်။

ကိုငြိမ်းချမ်းဝေမှာ ပဲခူးမြို့အခြေစိုက် Bago Weekly Journal မှာ နယ်မြေခံသတင်းထောက်အနေနဲ့ သတင်းတွေရေးသားပြီး သူရဲ့ ဂျာနယ်တိုက်ကို မတ်လထဲမှာ စစ်ကောင်စီက ဝင်ရောက်ဖျက်ဆီးခဲ့ကာ၊ သတင်းဌာနရဲ့ Facebook  လူမှုကွန်ရက်စာမျက်နှာကိုပါ နည်းပညာအရ ပိတ်ခံထားရတဲ့ သတင်းဌာနတခုဖြစ်ကြောင်း သိရပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10