သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ ပဲခူးတိုင်းဒေသကြီးထဲက ၅ မြို့နယ်မှာ စစ်ကောင်စီက အစစ်ဆေး တင်းကြပ်နေပြီး PDF တွေ လက်နက်အပ်ဖို့ လိုက်ကြေညာနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဇန်နဝါရီလ ၅ ရက်နေ့လောက်က စတင်ပြီး စစ်ကောင်စီဘက်က မြို့ဝင်မြို့ထွက်ဂိတ်တွေ၊ မြို့ထဲနေရာတွေမှာ အစစ်ဆေးတင်းကြပ်နေပြီး စစ်ကောင်စီ၊ ရဲ၊ ထွေအုပ်ပါဝင်တဲ့အဖွဲ့တွေက PDF တွေအနေနဲ့ လက်နက်အမြန်အပ်ဖို့ လိုက်လံကြေညာနေတယ်လို့ ပေါင်းတည်ဒေသခံတဦးက ပြောပါတယ်။
"သူတို့ အဲလိုလုပ်နေတာ ၅ ရက်နေ့လောက်ကစပြီး လုပ်နေတာ။ နေ့ခင်းပိုင်းဆို မိုက်တွေနဲ့ လိုက်ကြေညာတယ်။ ညဘက်တွေဆို မြို့ဝင်မြို့ထွက်ဂိတ်တွေမှာ စစ်ဆေးတင်းကြပ်တယ်။ အရင်ကထက်စာရင် ပိုလုပ်လာတော့ ပြည်သူတွေကတော့ သတိထားဖို့ လိုတယ်" လို့ ပြောပါတယ်။
ဖေဖော်ဝါရီလ ၂ ရက်နေ့က စတင်ပြီး စစ်ကောင်စီက မြန်မာတစ်နိုင်ငံလုံးက မြို့နယ်ပေါင်း ၃၇ မြို့နယ်ကို စစ်အုပ်ချုပ်ရေးကြေညာခဲ့ရာ ပဲခူးတိုင်းထဲက ထန်းတပင်၊ အုတ်ဖို၊ နတ်တလင်း၊ ပေါင်းတည်နဲ့ ပေါက်ခေါင်းမြို့နယ်တွေ ပါဝင်ခဲ့ပါတယ်။
စစ်ကောင်စီဘက်က စစ်အုပ်ချုပ်ရေး ကြေညာထားပြီးပါက စစ်ကြောင်းအကြီးအကျယ် ထိုးတာတွေ၊ ပြည်သူတွေအပေါ်ဖိနှိပ်မှုတွေ၊ အကြမ်းဖက်လုပ်ရပ်တွေ ယခင်ကထက် ပိုမိုလုပ်လာနိုင်လို့ ပြည်သူတွေကော ကာကွယ်ရေးအဖွဲ့တွေအနေနဲ့ သတိထားလုပ်ကိုင်ဖို့ လိုတယ်လို့ ပဲခူးတိုင်း ပကဖ တာဝန်ရှိသူတွေကလည်း သတိပေးထားပါသေးတယ်။
စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ ပေါင်းတည်မြို့နယ်ထဲမှာ ဖေဖော်ဝါရီလ ၄ ရက်နေ့က သိမ်ကုန်းကျေးရွာက ပျူစောထီးခေါင်းဆောင် အောင်ဖာ(ခ)မင်းနိုင်ဦးကို သဲကုန်းမြို့နယ် ပကဖ မြို့ပြပြောက်ကျားတပ်ဖွဲ့က ပစ်ခတ်ရှင်းလင်းလို့ သေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။
#မြေလတ်အသံ
Share Share Share