သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်း၊ ပဲခူးမြို့နယ်၊ ဘောနက်ကြီးအပိုင် ရန်ကုန်- မန္တလေးအမြန်လမ်းမကြီးမှာ သံဃာ ၃ ပါး အပါအဝင် ၁၆ ဦးလိုက်ပါလာတဲ့ ဖို့ဒ်ကား တိမ်းမှောက်ပြီး ၇ ဦးဒဏ်ရာရသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဇန်နဝါရီလ ၂၆ ရက် ဒီမနက် ၇ နာရီခန့်မှာ နေပြည်တော်ဘက်ကနေ ရန်ကုန်ဘက်ကို မောင်းလာတဲ့ ဖိုဒ့်ကားဟာ ကားလမ်း မိုင်တိုင်အမှတ် (၃၅/၅) နဲ့ (၃၅/၆) ကြားအရောက်မှာ နောက်ဘီးပေါက်ပြီး တိမ်းမှောက်သွားတာလို့ ဆိုပါတယ်။
"ကားက မောင်းလာရင်းကနေ နောက်ဘီးပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ ပက်လက်လန်သွားတာ။ ကားပေါ်မှာ ကလေးငယ်တွေပါပေမယ့် ကံကောင်းလို့ ကလေးတွေထိခိုက်ဒဏ်ရာမရကြဘူး"လို့ ဒေသခံတဦးက ပြောပါတယ်။
အဆိုပါကားဟာ ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ကျိုက်ထီးဆောင်းကျောင်းခွဲ၊ ဇေကမ္ဘာကျောင်းတိုက်က ဘုန်းကြီးကျောင်းကားဖြစ်ပြီး ကားမှောက်လို့ သက်တော် ၆၀ ဝန်းကျင်ရှိ သံဃာ ၁ ပါး၊ အသက် ၁၈ နှစ်မှ ၄၀ ကြားရှိ အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၄ ဦး ဒဏ်ရာရခဲ့ပြီး ပဲခူးပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ခဲ့ကြရတယ်လို့ သိရပါတယ်။
ဇန်နဝါရီ ၄ ရက်ကလည်း မိတ္တီလာမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် ၂၈၆/ ၆ နဲ့ ၂၈၆/၇ ကြားမှာ ကားတစီးဘီးပေါက်ပြီး တိမ်းမှောက်ရာမှ ရဟန်း ၁ ပါးအပါအဝင် ၃ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရသွားခဲ့တယ်လို့ သိရပါတယ်။
စာတည်း - လင်း
#မြေလတ်အသံ
#ပဲခူး #ကားမှောက် #ဒဏ်ရာရ #သတင်း #မြေလတ်သတင်း #ဘုန်းကြီး #ပဲခူးပြည်သူ့ဆေးရုံ
Share Share Share