ပဲခူးနယ်၊ ဝင်္ဂဘော် ECBT ဆင်စခန်းမှာ ဆင်အမွှာပူးမွေးဖွား

ပဲခူးနယ်၊ ဝင်္ဂဘော် ECBT ဆင်စခန်းမှာ ဆင်အမွှာပူးမွေးဖွား

ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့အနီးက ဝင်္ဂဘော် ECBT ဆင်စခန်းမှာရှိတဲ့ အသက် ၂၁ နှစ်အရွယ် ဆင်မလေးပုလဲစန္ဒာက သြဂုတ် ၂၆ ရက်မနက်ပိုင်းမှာ ဆင်အမွှာနှစ်ကောင် မွေးဖွားခဲ့တာလို့ ဆင်စခန်းနဲ့ နီးစပ်သူ အမျိုးသမီးတဦးက ပြောပါတယ်။ 

"ဒီဆင်စခန်းမှာ ဒါပထမဆုံး မွေးတာပေါ့နော်။ အထီးတကောင် အမတကောင်ပါ" လို့ ဆင်စခန်းနဲ့နီးစပ်တဲ့ အမျိုးသမီးတဦးက ပြောပါတယ်။

မနက် ၃ နာရီ ၃၈ မိနစ်မှာ ဆင်မလေးကိုမွေးပြီး ပုလဲ လို့အမည်ပေးကာ မနက် ၃ နာရီ ၄၂ မိနစ်မှာတော့ ဆင်ထီးလေးကိုမွေးပြီး ကျော်ပုလဲ ဆိုပြီး အမည်ပေးထားတယ်လို့ ဆိုပါတယ်။ 

လက်ရှိမှာ မိခင်ဆင်မရဲ့ နို့တမျိုးတည်းနဲ့ နို့မလုံလောက်တာကြောင့် Dumex Step 2 ကိုဖျော်ပြီး နို့ဗူးနဲ့ပါ တိုက်ကျွေးထားတယ်လို့လည်း သိရပါတယ်။

၂၀၁၆ ခုနှစ်မှာစတင်ဖွင့်လှစ်ခဲ့တဲ့ အဲ့ဒီဆင်စခန်းမှာ အခုမွေးဖွားခဲ့တဲ့ ဆင်အမွှာ ၂ ကောင်အပါအဝင် ဆင်အထီး ၂ ကောင်နဲ့ အမ ၇ ကောင် စုစုပေါင်း ဆင် ၉ ကောင်ရှိတယ်လို့လည်း သိရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #ဘုရာကြီး #ဆင်စခန်း #ဆင်အမွှာ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10