ပဲခူးမြစ်ထဲရေဆင်းကူးတဲ့ လူငယ်တဦး ရေနစ်သေဆုံး

ပဲခူးမြစ်ထဲရေဆင်းကူးတဲ့ လူငယ်တဦး ရေနစ်သေဆုံး

ပဲခူးတိုင်း၊ ပဲခူးမြို့၊ အဝိုင်းကျေးရွာအုပ်စု၊ ရွှေလှေကျေးရွာအနီး ပဲခူးမြစ်အတွင်းမှာ ရေဆင်းကူးတဲ့ လူငယ်တဦး ရေနစ်သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သေဆုံးသူဟာ ရွှေလှေကျေးရွာနေ အသက် ၂၅ နှစ်အရွယ် ကိုသန့်ဇင်အောင်ဖြစ်ပြီး မေ ၃ ရက် မနက်ပိုင်းမှာ နေအိမ်ကနေ နွားကျောင်းထွက်သွားပြီးနောက် ပဲခူးမြစ်ထဲမှာရေဆင်းကူးရာက ရေနစ်သေဆုံးခဲ့တာလို့ ဆိုပါတယ်။ 

"နေ့လယ်ကတခေါက် သူသားအိမ်ပြန်မလာလို့ သူအဖေလိုက်ရှာတာ။ မြစ်ဘေးမှာ သူ့ငယ်ချင်းတွေနဲ့ အတူ အရက်သောက်နေတယ်ဆိုလို့ နွားယူပြီးပြန်သွားတယ်တဲ့။ ညထိပြန်မလာလို့ လိုက်ရှာမှ ရေနစ်သေတာကိုသိရတာ"လို့ ဒေသခံတဦးကပြောပါတယ်။

အလောင်းကိုတော့ အဲ့ဒီနေ့ ညနေ ၆ နာရီလောက်မှာ ရွှေလှကျေးရွာကမ်းနံဘေးမှာ ပြန်ရှာတွေ့ခဲ့ကာ ဒေသခံတွေကဆယ်ယူကာ ပဲခူးဆေးရုံကို ပို့ဆောင်ပေးခဲ့ကြတယ်လို့ ဆိုပါတယ်။ 

ဧပြီ ၁၃ ရက်ကလည်း ပဲခူးမြစ်အတွင်းရှိ မော်လမြိုင်တံတားအောက်မှာ ရေနစ်သေဆုံးပြီး ပုပ်ပွနေတဲ့ အမည်မသိအမျိုးသားအလောင်းတလောင်းကို တွေ့ရှိခဲ့သေးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #အဝိုင်းကျေးရွာအုပ်စု #ရေနစ် #သေဆုံး #အမျိုးသား

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10