ပဲခူးမြို့ ရွှေဂူလေးစေတီတော် မိုးကြိုးထိမှန်

ပဲခူးမြို့ ရွှေဂူလေးစေတီတော် မိုးကြိုးထိမှန်

ပဲခူးတိုင်း၊ ပဲခူးမြို့၊ ကလျာဏီရပ်ကွက်ရှိ ရွှေဂူလေးစေတီတော် မိုးကြိုးထိမှန်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စက်တင်ဘာလ ၉ ရက် ညနေ ၅ နာရီခန့်မှာ မိုးသည်းထန်စွာရွာသွန်းပြီး မိုးကြိုးတွေပစ်ချိန် စေတီတော်ကို မိုးကြိုးထိမှန်ခဲ့တာလို့ဆိုပါတယ်။

"ဖြစ်တဲ့အချိန်က မိုးကြိုးပစ်သံက သုံးလေးချက်ကြားရတယ်။ မိုးကလည်းကောင်းတယ်။ မနက်ကျမှ စေတီတော် မိုးကြိုးထိတာသိရတာ။"လို့ ဒေသခံတဦးကပြောပါတယ်။

မိုးကြိုးထိမှန်လို့ စေတီတော်ရဲ့ ထီးတော်မှာအမည်းကွက်တခု ဖြစ်ပေါ်ပြီး အရှေ့ဘက်ကို အနည်းငယ် တိမ်းစောင်းသွားခဲ့ပါတယ်။

ဒါ့အပြင် စေတီတော်အနောက်ဘက်မုခ်နဲ့ မြောက်ဘက်မုခ်ကြားရှိ ငှက်ပျောဖူးလုံးတော်မှာ အင်္ဂတေကွာကျတာ၊ စေတီတော်ရဲ့ပလ္လင်ခုံနဲ့ အရံစေတီ ၁၆ ဆူအနက် ၁၅ ဆူတို့မှာ အက်ကြောင်း ဖြစ်ပေါ် ခဲ့တယ်လို့ သိရပါတယ်။ 

အလားတူ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလ ၁၇ ရက်ကလည်း မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ပုဂံမြို့ရှိ ဓမ္မရာဇကစေတီတော် မိုးကြိုးထိမှန်ခဲ့ပါသေးတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #ရွှေဂူလေးစေတီ #မိုးကြိုးထိမှန်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10