ပဲခူးမြို့ရှောင်လမ်းမှာ ကုန်တင်ကားနဲ့ စက်ရုံဖယ်ရီကားတိုက်မိပြီး ဝန်ထမ်း ၇ ဦးဒဏ်ရာရ

ပဲခူးမြို့ရှောင်လမ်းမှာ ကုန်တင်ကားနဲ့ စက်ရုံဖယ်ရီကားတိုက်မိပြီး ဝန်ထမ်း ၇ ဦးဒဏ်ရာရ

ပဲခူးတိုင်း၊ ပဲခူးမြို့၊ မြို့ရှောင်လမ်းရှိ အထက(စာလေးကွင်း) စာသင်ကျောင်းရှေ့မှာ ကုန်တင်ကားနဲ့ အထည်ချုပ်စက်ရုံ အကြိုအပို့(ဖယ်ရီ) ဘတ်စ်ကားတို့တိုက်မိရာက စက်ရုံဝန်ထမ်း ၇ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇူလိုင် ၄ ရက် ည ၇ နာရီကျော်မှာ ကလိရွာဘက်ကနေ မြို့ရှောင်လမ်းအတိုင်း မောင်းနှင်လာတဲ့ ၂၂ ဘီးတွဲ ကုန်တင်ကားကို PK အထည်ချုပ်စက်ရုံကားက နောက်ကနေဝင်တိုက်မိခဲ့တာလို့ ဆိုပါတယ်။

"မန္တလာမင်း(ကုန်တင်)ကားက မောင်းနေရင်းကနေ ရုတ်တရက်ရပ်ချလိုက်တော့ သူ့နောက်ကနေလိုက်မောင်းလာတဲ့ ဖယ်ရီကားက နောက်ကိုဝင်ဆောင့်မိတာ"လို့ ဒေသခံတဦးကပြောပါတယ်။

ယာဥ်တိုက်မှုကြောင့် ဖယ်ရီကားယာဥ်မောင်း ကိုချမ်းမင်းကိုအပါအဝင် အမျိုးသား ၄ ဦးနဲ့ အမျိုးသမီး ၃ ဦးစုစုပေါင်း ၇ ဦးဒဏ်ရာရခဲ့ကာ ထိခိုက်ဒဏ်ရာရသွားသူတွေကိုတော့ ဒေသခံလူမှုကူညီရေးအသင်းတွေက ပဲခူးဆေးရုံကို ပို့ဆောင်ပေးခဲ့ရတယ်လို့ ဆိုပါတယ်။ 

ဇွန် ၁ ရက်ကလည်း ပဲခူးမြို့နယ်၊ ဆယ်မိုင်ကုန်းအဆင်းမှာ တွဲကားနဲ့အုတ်တင်ကားတိုက်ပြီး အုတ်တင်ကားပေါ်ပါ အမျိုးသား ၈ ဦး ဒဏ်ရာရခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #မြို့ရှောင်လမ်း #ကားတိုက်မှု #ဒဏ်ရာရ #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10