ပဲခူး-မွန်နယ်စပ်က စစ်ကောင်စီတပ်ရင်း ၂ ခုကို ရှော့တိုက်ဒုံးနဲ့ပစ်လို့ သေဆုံးမှုရှိ

ပဲခူး-မွန်နယ်စပ်က စစ်ကောင်စီတပ်ရင်း ၂ ခုကို ရှော့တိုက်ဒုံးနဲ့ပစ်လို့ သေဆုံးမှုရှိ

ပဲခူးတိုင်းနဲ့ မွန်ပြည်နယ်အစပ် ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့အခြေစိုက် အမှတ် ၃၁၀ အမြောက်တပ်နဲ့ ခမရ ၂၀၇ တပ်ရင်းကို ရှော့တိုက်မစ်ဇိုင်းဒုံးတွေနဲ့ တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်က သေဆုံးမှုရှိခဲ့တယ်လို့ ဝေါမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။

အဲ့ဒီတပ်ရင်းတွေကို ဩဂုတ် ၂၄ ရက် ဒီမနက် ၉ နာရီခန့်မှာ တိုက်မစ်ဇိုင်းဒုံး ၃ လုံး၊ ၆၀ မမ လက်နက်ကြီး ၄ လုံးနဲ့ တပြိုင်တည်း ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

"၆၀ သီးတွေက ကျည်'အ'ကုန်လို့ ထိရောက်မှုမရှိဘူး။ ဒုံးသီးတွေကျတော့ အမြောက်တပ်ဝန်းထဲကို နှစ်လုံးကျတယ်။ သတင်းရတဲ့ အခါမှာတော့ စကစဘက်ကသေဆုံးတာတွေရှိတယ်"လို့ ဝေါမြို့နယ် ပကဖတာဝန်ခံကပြောပါတယ်။

ဒီပစ်ခတ်မှုတွေကြောင့် အမှတ် ၃၁၀ အမြောက်တပ်ထဲက စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးခဲ့တယ်လို့ပြောပေမယ့် ဒီသေဆုံးမှုနဲ့ပတ်သက်ပြီး မြေလတ်အသံက သီးခြားအတည် မပြုနိုင်သေးပါဘူး။ 

ဒီတိုက်ခိုက်မှုကို ဝေါမြို့နယ်ပကဖနဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်ခဲ့ကြတာလို့ ဆိုပါတယ်။ 

ဒုံးတွေနဲ့ တိုက်ခိုက်ခံရပြီးနောက်မှာ အမြောက်တပ်ကနေ ကျေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ချိန် ဝါးဒက်ကွင်းရွာကို ကျရောက်ပေါက်ကွဲပြီး လူငယ်အမျိုးသား ၁ ဦး ကျည်ထိမှန် သေဆုံးခဲ့တယ်လို့လည်း သိရပါတယ်။ 

ဇူလိုင် ၂၃ ရက်မနက်ပိုင်းကလည်း ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့အနီးရှိ ခမရ ၂၀၇ ကင်းစခန်း တိုက်ခိုက်ခံရပြီး ၇ ဦးဒဏ်ရာရရှိခဲ့ပါသေးတယ်။ 

ပုံစာ - အမတ ၃၁၀ စစ်ကောင်စီတပ်ရင်းအား ရှော့တိုက်မစ်ဇိုင်းဒုံးဖြင့် ပစ်ခတ်နေစဥ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #မွန် #အမတ၃၁ #ခမရ၂၇ #တိုက်ခိုက်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10