သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးမြို့နယ်၊ ကမာနက်ကျေးရွာမှာ ဇွန် ၇ ရက် ဒီကနေ့မနက်ပိုင်းက အသတ်ခံထားရတဲ့ လင်မယား ၂ ဦးရဲ့ ရုပ်အလောင်းတွေ တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
သေဆုံးသူတွေဟာ ကျေးရွာအလယ်ပိုင်းနေ အသက် ၃၀ ဝန်းကျင်အရွယ် ကိုရေခဲနဲ့ မမိုးဟန်တို့ဖြစ်ပြီး ၎င်းတို့နေအိမ်အတွင်းမှာ ခန္ဓာကိုယ်ထိုးသွင်းဒဏ်ရာ၊ ပြတ်ရှဒဏ်ရာတွေနဲ့ သေဆုံးနေတာလို့ ဆိုပါတယ်။
" ညပိုင်းလောက်ထဲက အသတ်ခံထားရတာမျိုး ဖြစ်နိုင်တယ်။ ကလေးတွေကငိုနေတော့ ဘေးအိမ်တွေကနေကြားပြီး သွားကြည့်ကြမှ သတ်ဖြတ်ခံထားရတာကို သိကြတာ”လို့ ပဲခူးဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။
သေဆုံးသူ အမျိုးသားဖြစ်သူမှာ ခန္ဓာကိုယ်တခုလုံးထိုးသွင်းဒဏ်ရာ၊ ပြတ်ရှဒဏ်ရာတွေအများအပြားတွေ့ရှိရပြီး အမျိုးသမီးမှာ ရင်သားအောက်နေရာ ထိုးသွင်းဒဏ်ရာအပါအဝင် ထိုးသွင်းဒဏ်ရာ ၃ ချက်နဲ့ သေဆုံးတယ်လို့ဆိုပါတယ်။
သတ်ဖြတ်ခံရချိန်မှာ မိုးရွာနေတာကြောင့် အခင်းဖြစ်ပွားတဲ့အခြေနေတွေကို မသိလိုက်ကြဘဲ သတ်ဖြတ်ခံရသူအမျိုးသမီးမှာ ဝတ်ဆင်ထားတဲ့ လက်ဝတ်လက်စားတွေလည်း မူလအတိုင်းရှိနေတာကို တွေ့ရှိတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
“ ဘယ်သူတွေက ဘာကြောင့်သတ်တယ်ဆိုတာတော့ မသိရဘူး။ သေဆုံးတဲ့လင်မယားက လောင်းကစား(ဖဲဝိုင်း) ဒိုင်ကိုင်လေ့ရှိတယ် “ လို့ အထက်ပါဒေသခံက ပြောပါတယ်။
သေဆုံးသူလင်မယား ၂ ဦးမှာ အသက် ၇ နှစ်အရွယ်နဲ့ ၂ နှစ်ကျော်အရွယ် ကလေးငယ် ၂ ဦး ကျန်ရှိခဲ့ပြီး ၎င်းတို့ရုပ်အလောင်းတွေကို ရဲတွေလာရောက်စစ်ဆေးကာ ပဲခူးဆေးရုံကိုပို့ဆောင်ထားတယ်လို့ သိရပါတယ်။
စာတည်း - ဟိန်းစံ
#မြေလတ်အသံ
#ပဲခူး #လင်မယား၂ဦး #သတ်ဖြတ်ခံရ #သတင်းတို #လူသတ်မှု
Share Share Share