သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်း၊ ပဲခူးမြို့၊ နိုင်းဂနိုင်တောင်ရပ်ကွက် ကျောင်းသစ်ကျောင်း ရေဘေးကယ်ဆယ်ရေးစခန်းမှာ အမျိုးသား ၁ ဦး ရေနစ်သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဇူလိုင်လ ၂၉ ရက်ညနေ ၆ နာရီခန့်မှာ ကျောင်းသစ်ကျောင်းရေဘေးကယ်ဆယ်ရေးစခန်းမှာ ရေဘေးလာရှောင်နေတဲ့ အသက် ၄၃ နှစ်အရွယ်အမျိုးသားတဦး ရေနစ်သေဆုံးခဲ့တာလို့ဆိုပါတယ်။
"သူအလောင်းကို ကျောင်းဝန်းထဲက ရေအနက် ၃ ပေလောက်ပဲရှိတဲ့နေရာမှာ သေနေတာတွေ့ရတာ။ သူက ညနေလောက်ကတည်းက အရက်သောက်မယ်ဆိုပြီးထွက်သွားတာ။ ဘယ်အချိန် ကျောင်းဝန်းထဲပြန်လာပြီးရေနစ်သေနေတယ်ဆိုတာတော့ မသိရဘူး"လို့ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။
သေဆုံးသွားတဲ့အမျိုးသားအလောင်းကိုတော့ ဒေသခံတွေက ဆယ်ယူပြီး ပဲခူးဆေးရုံကို ပို့ပေးထားရတယ်လို့ သိရပါတယ်။
ဇူလိုင်လ ၃၀ ရက် ဒီမနက်ပိုင်း မိုးဇလရဲ့တိုင်းထွာချက်အရ ပဲခူးမြစ်ရေဟာ ၁၀၀၂ စင်တီမီတာမှာ ဆက်ရှိနေပြီး ပဲခူးမြို့ရဲ့ စိုးရိမ်ရေမှတ်ထက် ၁၂၂ စင်တီမီတာ မြင့်တက်နေပါတယ်။
မနက်ပိုင်းထိ ပဲခူးမြို့မှာ ရေဘေးကယ်ဆယ်ရေးစခန်း ၃၀ ကျော်ထိဖွင့်လှစ်ထားရပြီး ရေဘေးသင့် ပြည်သူလည်း ၃၀၀၀၀ နီးပါးထိရှိလာနေပြီလို့ သိရပါတယ်။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလအတွင်း ပဲခူးမြို့ရေကြီးချိန်မှာလည်း ဒေသခံ ၄ ဦးထက်မနည်း ရေနစ်သေဆုံးခဲ့သေးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စာတည်း - လင်း
#မြေလတ်အသံ
#ပဲခူး #ရေဘေး #ရေနစ် #သေဆုံး #သဘာဝဘေး
Share Share Share