ပဲနွယ်ကုန်းက စစ်တပ်သတင်းပေးဆိုသူ အသတ်ခံရ

ပဲနွယ်ကုန်းက စစ်တပ်သတင်းပေးဆိုသူ အသတ်ခံရ

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့၊ သတိပဌာန်ရပ်ကွက်၊ (၅) လမ်းမှာနေထိုင်တဲ့ စစ်တပ်သတင်းဆိုသူ အမျိုးသားတဦး ပစ်သတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မတ် ၂၁ ရက် ညနေ ၃ နာရီခန့်မှာ စစ်တပ်သတင်းပေးလို့လူသိများတဲ့ အသက် ၄၀ အရွယ် ဦးစန်းအောင်ညွန့် (ခ) လူမုန်းကို တရပ်ကွက်တည်းနေ မိတ်ဆွေတဦးရဲ့နေအိမ်ခြံဝင်းထဲမှာ စကားပြောနေချိန် သေနတ်သမားတွေက ဝင်ရောက်ပစ်ခတ်သွားတာလို့ ဆိုပါတယ်။

"စကားဝိုင်းဖွဲ့ပြောနေချိန်မှာ ဆိုင်ကယ်နဲ့လာပြီး ခြံဝန်းထဲထိ ဝင်ပစ်သွားတာ။ သူနဲ့အတူ ထိုင်နေသူတွေကိုတော့ ပစ်ခတ်သွားတာမျိုးတော့မရှိဘူး"လို့ ဒေသခံတဦးကပြောပါတယ်။

ပစ်ခတ်ခံရလို့ ဦးစန်းအောင်ညွန့်မှာ နားထင်ကျည်ထိဒဏ်ရာနဲ့ နေရာတင်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ပစ်ခတ်မှုဖြစ်ပွားတဲ့နေရာဟာ ပဲနွယ်ကုန်းမြို့ရဲစခန်းနဲ့ နှစ်ဖာလုံခန့်သာဝေးပြီး ပစ်ခတ်မှုဖြစ်ပြီး တနာရီနီးပါးအကြာမှာ ရဲနဲ့စစ်သားတွေက လာရောက်စစ်ဆေးပြီး အလောင်းကို ယူသွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။ 

ဦးစန်းအောင်ညွန့်ဟာ စစ်ကောင်စီအဖွဲ့တွေနဲ့ အမြဲတမ်းလိုလို ပူးတွဲသွားလာနေတတ်သူဖြစ်ပြီး စစ်တပ်သတင်းပေးဆိုပြီး သတင်းထွက်နေသူဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီပစ်ခတ်မှုကို ဘယ်လက်နက်ကိုင်အဖွဲ့က လုပ်ဆောင်တယ်ဆိုတာကိုတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၅ ရက်နေ့လယ် ၂ နာရီလောက်မှာလည်း ကျောက်တံခါးမြို့နယ်၊ ရှမ်းဒိုးတန်းကျေးရွာအုပ်စု၊ ပဲခူးစုကျေးရွာနဲ့ ပုဂံကျေးရွာကြားမှာ ကြံ့ခိုင်ရေးပါတီ မြို့နယ်ကော်မတီဝင်တဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့ပါသေးတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #ကျောက်တံခါး #ပဲနွယ်ကုန်း #စစ်တပ်သတင်းပေး #ပစ်ခတ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10