သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်ရှိ တောင်ခင်ရန်းကျေးရွာနဲ့ ရွှေဘိုကျေးရွာကို ပျူစောထီးအဖွဲ့တွေ ဝင်ရောက်ပစ်ခတ်လို့ ဒေသခံ ၃ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရတယ်လို့ သိရပါတယ်။
ဇွန်လ ၂ ရက် မနက် ၈ နာရီခန့်မှာ စစ်ကောင်စီနဲ့ ပျူစောထီးအင်အား ၆၀ ကျော်လောက်ဟာ တောင်ခင်ရန်းကျေးရွာကို ဝင်လာပြီး ကိုညိုဌေး အသက် ၄၀ နှစ်ခန့် ဆိုသူကို ပစ်သတ်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနောက် ဆက်လက်ပြီး ရွှေဘိုကျေးရွာထဲကို လက်နက်ကြီးနဲ့ပစ်ဝင်လို့ ငမိုး ၃၀ နှစ်ခန့်နဲ့ ဖိုးသားကြီး ၄၀ နှစ်ခန့် ဆိုသူတွေမှာ သေဆုံးသွားတယ်လို့ ABSDF Column -3 က ကိုရွှေကျီးက ပြောပါတယ်။
"ဖြစ်ပုံက ဒီလိုဗျ မနေ့က စကစနဲပျူအဖွဲ့က တောင်ခင်ရန်းကို အရင်ဝင်လာတယ်။ ပစ်ခတ်မှုတွေလုပ်တော့ အမျိုးသား ၁ ယောက်သေသွားတယ်။ ပြီးတာနဲ့ ရွှေဘိုရွာဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ဝင်တော့ ၂ ယောက်ထိတယ် သေတယ်။ ညပိုင်းမှာ အဲဒီစကစအဖွဲ့က တောင်ခင်ရန်းဘက်မှာ ညပြန်အိပ်တယ်။ ဒီမနက် စကစနဲ့ပျူအချို့ ပြန်ထွက်ချိန်မှာလဲ သေနတ်ရမ်းသမ်းပစ်လို့ ဒေသခံတယောက် ထပ်ထိသေးတယ်။" လို့ ပြောပါတယ်။
ယနေ့ ဇွန်လ ၃ ရက် မနက် ၁၀ နာရီခန့်မှာတော့ စစ်ကောင်စီနဲ့ပျူ အင်အား ၃၀ လောက်ဟာ မြောက်ခင်ရန်းကျေးရွာဘက်ကို ပြန်ထွက်ချိန် လက်နက်ငယ်တွေနဲ့ရမ်းသမ်းပစ်လို့ ကိုဉာဏ်ပြေလင်း ၃၀ နှစ်ဆိုသူဟာ ဆီးခုံကျည်ဖောက်ဝင်ဒဏ်ရာရကာ စိုးရိမ်ရပေမယ့် ဆေးကုသခွင့်မရဘူးလို့ ဆိုပါတယ်။
စစ်ကောင်စီနဲ့ပျူအဖွဲ့တွေ ကျေးရွာ ၂ ရွာကို ဝင်ရောက်ချိန် ဒေသခံအများစုက ထွက်ပြေးတိမ်းရှောင်သွားကြပေမယ့် အိမ်စောင့်အနေနဲ့ ကျန်ခဲ့တဲ့သူတွေကို ပစ်ခတ်ခဲ့လို့ သေဆုံးရတယ်လို့ သိရပါတယ်။
ဒါ့အပြင် စစ်ကောင်စီနဲ့ပျူတွေ အကြောင်းမဲ့ပစ်ခတ်တာကြောင့် ရွှေဘိုကျေးရွာက နေအိမ် ၂ လုံး၊ တောင်ခင်ရန်းရွာက ဘုန်းကြီးကျောင်းတကျောင်းနဲ့ နေအိမ် ၁ လုံး ထိခိုက်ပျက်စီးခဲ့ပါသေးတယ်။
ပြီးခဲ့တဲ့ မေလ ၂၅ ရက် မနက် ၉ နာရီခန့်ကနေ ညနေ ၄ နာရီကျော်ထိ စစ်ကောင်စီတပ်သားနဲ့ရဲ အင်အား ၇၀ လောက်ရှိတဲ့ တောင်ခင်ရန်ရဲစခန်းကို PDF ပူးပေါင်းတပ်တွေဘက်က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးပြီး အရာရှိ ၁ ဦးအပါအဝင် ၈ ဦးဒဏ်ရာရသွားတယ်လို့ သိရပါတယ်။
စာတည်း - 007
#မြေလတ်အသံ
#မကွေး #ဂန့်ဂေါ #တောင်ခင်ရန်း #ABSDF #စစ်ကောင်စီ #ပျူစောထီး #ပစ်ခတ်တိုက်ခိုက်မှု
Share Share Share