ပျူရွာရဲ့ ရိက္ခာလမ်းကြောင်း ကြားဖြတ်တိုက်ခံရလို့ ရိက္ခာနဲ့ လက်နက်အချို့သိမ်းခံရ( ရုပ်/သံ)

မကွေးတိုင်း၊ ကန်နီပျုစောထီးရွာ ပျူစောထီးနဲ့စစ်သားတွေက မြိုင်မြို့ကို ရိက္ခာသွားသယ်တာမှာ အပြန်ကျောင်းကုန်းရွာနဲ့ ကန်နီပျူရွာအကြား မတ်လ ၄ ရက် ညနေ ၂ နာရီလောက်က အလစ်ဝင်တိုက်ခိုက်ခဲ့တာကြောင့် သေဆုံးမှုတွေရှိခဲ့တယ်လို့ ပခုက္ကူခရိုင်အမှတ် ၆ တပ်ရင်းအဖွဲ့ဆီက သိရပါတယ်။

ကန်နီရွာ ပျူစောထီးနဲ့စစ်‌သား‌တွေက မြိုင်မြို့ပေါ်ကနေ ဖောကား ၂ စီး အင်အား ၁၀၀ ကျော်နဲ့ ရိက္ခာသယ်ပြီးပြန်လာတာမှာ မိုင်းဆွဲပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ တိုက်ခဲ့တာလို့ ဆိုပါတယ်။

အပြန်အလှန်ပစ်ခတ်ချိန် ၄၅ မိနစ်လောက်ရှိပြီး ရိက္ခာတင်ဖောကား ၂ စီးလည်း မီးရှို့ဖျက်ဆီးနိုင်ခဲ့ပြီး ရိက္ခာအချို့ လက်နက်ခဲယမ်းအချို့လည်း သိမ်းဆည်းရမိခဲ့တယ်လို့ ပခုက္ကူခရိုင်အမှတ် ၆ တပ်ရင်း( MVRF) တာဝန်ခံ ကိုသူရိန်က ပြောပါတယ်။

အဲ့ဒီရိက္ခာလမ်းကြောင်းကိုပဲ မတ်လ၅ရက် မနေ့က မနက်ပိုင်းမှာ မြိုင် ပကဖ ဗိုလ်လက်ယာတို့အဖွဲ့က မိုင်းဆွဲတာအပြင် ဒရုန်းနဲ့ပါဗုံးသီးချတိုက်ခိုက်ခဲ့တာကြောင့် ၇ဦးသေဆုံးခဲ့ပါသေးတယ်။

တည်းဖြတ်- ဇို

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10