ပြင်ဦးလွင်နဲ့ မတ္တရာမြို့နယ်အစပ်က အုတ်ဖိုရွာသစ်ကို လေကြောင်းက တိုက်ခိုက်လို့ ကလေး ၁ ဦးသေ

ပြင်ဦးလွင်နဲ့ မတ္တရာမြို့နယ်အစပ်က အုတ်ဖိုရွာသစ်ကို လေကြောင်းက တိုက်ခိုက်လို့ ကလေး ၁ ဦးသေ

ပြင်ဦးလွင်နဲ့ မတ္တရာမြို့နယ်အစပ်မှာရှိတဲ့ အုတ်ဖိုရွာသစ်ကို ဒီနေ့နေ့လယ်ပိုင်းမှာ စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှုပြုလုပ်သွားတာကြောင့် ကလေးငယ်တဦးသေဆုံးပြီး အပြင်းအထန် ထိခိုက်ဒဏ်ရာရသူတွေရှိ တယ်လို့ ပြင်ဦးလွင်ခရိုင်ပကဖဆီကနေ သိရပါတယ်။

ဇူလိုင် ၉ ရက် ဒီနေ့ နေ့လယ် ၁၂ နာရီခန့်က အုတ်ဖိုရွာသစ်ကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သွားတာကြောင့် ပြည်သူနေအိမ် ၂ လုံးပေါ် လက်နက်ကျည်ကျရောက်ကာ ကလေးငယ်တဦးသေဆုံးပြီး အပြင်းအထန်ဒဏ်ရာရသူတွေရှိတယ်လို့ ပြင်ဦးလွင်ခရိုင်ပကဖသတင်းတာဝန်ခံဆီကနေသိရပါတယ်။

"ကနဦးအနေနဲ့ ကလေးငယ်တဦးသေဆုံးပြီး ဒဏ်ရာပြင်းထန်သူတွေရှိတယ်လို့ပဲသိရပါသေးတယ်။ အကုန် ဆေးကုဖို့ ခေါ်သွားပါပြီ။ တိုက်ပွဲမရှိဘဲ လေကြောင်းတိုက်ခိုက်မှုလုပ်သွားတာပါ" လို့ ခရိုင်ပကဖသတင်း တာဝန်ခံက ပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုမှာ နေအိမ်တွေပျက်စီးခဲ့သလို တိရစ္ဆာန်သေဆုံးတာတွေလည်းရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် မွန်းလွဲ ၁ နာရီခွဲကျော်မှာလည်း အုတ်ဖိုရွာသစ်ကျေးရွာနဲ့ သန်းကုန်းကျေးရွာတို့ကို စစ်တပ်က ထပ်မံလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ ထိခိုက်သေဆုံးမှုအခြေအနေကို မသိရသေးဘူးလို့ ခရိုင်ပကဖသတင်း တာဝန်ခံက ဆိုပါတယ်။

မတ္တရာမြို့နယ်အရှေ့ခြမ်းဟာ PDF စိုးမိုးနယ်မြေဖြစ်နေတာကြောင့် စစ်တပ်က မကြာခဏလေကြောင်း တိုက်ခိုက်တာတွေပြုလုပ်နေပြီး ဇူလိုင် ၇ ရက်ကလည်း ရုံးပင်ကျေးရွာကို လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီးတဦးသေဆုံးကာ ၅ ဦးထိခိုက်ဒဏ်ရာတွေရရှိခဲ့ပါသေးတယ်။

ပုံစာ-စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံသွားတဲ့ကလေးနဲ့ ပျက်စီးသွားတဲ့ လူနေအိမ်တွေ။ 

သတင်း-N၊ စာတည်း-လင်းဇေ

#မြေလတ်အသံ

#ပြင်ဦးလွင် #မတ္တရာမြို့ #အုတ်ဖိုရွာသစ် #လေကြောင်း #ကလေး #ပကဖ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10