သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ရှမ်း - မန်း စစ်ဆင်ရေး ၁၀၂၇ ဒုတိယလှိုင်းမှာ ကျဆုံးခဲ့တဲ့ ရွှေဘိုခရိုင်တပ်ရင်း ၁၈ က ရဲဘော်ရဲ့ဈာပန အခမ်းအနားကို ဝက်လက်မြို့နယ် တနေရာမှာ အောက်တိုဘာ ၂၆ ရက်က ပြုလုပ်ခဲ့ပါတယ်။
အသက် ၂၃ နှစ်အရွယ် ရဲဘော်တရုတ်ကြီးဟာ အောက်တိုဘာ ၂၃ ရက်က ရှမ်း-မန်းစစ်ဆင်ရေးအတွင်း ပြင်ဦးလွင်အနီးက ဝက်ဝံနယ်မြေတိုက်ပွဲမှာ စစ်ကောင်စီရဲ့ လက်နက်ကြီးအစ ထိမှန်ကျဆုံးခဲ့တာလို့ ဆိုပါတယ်။
သူ့ရုပ်အလောင်းကိုတော့ ရှေ့တန်းတနေရာမှာပဲ မီးသင်္ဂြိုဟ်ခဲ့ပြီး အောက်တိုဘာ ၂၆ ရက်မှာ အရိုးပြာကို မိခင်တပ်ရင်းဆီပြန်သယ်ကာ အမိန့်ပြန်တမ်းဖတ်ပြီး အခမ်းအနားနဲ့ဂူသွင်းသင်္ဂြိုဟ်ခဲ့တယ်လို့ ရွှေဘိုခရိုင်တပ်ရင်း ၁၈ တပ်ထောက်တာဝန်ခံ ကိုနေမျိုးက ပြောပါတယ်။
ရွှေဘိုခရိုင် တပ်ရင်း ၁၈ မှာ ရှမ်း - မန်း စစ်ဆင်ရေးအတွင်း အခုကျဆုံးသွားတဲ့ ရဲဘော်တရုတ်ကြီးအပါအဝင် ၁၆ ဦးအထိရှိနေပြီး တော်လှန်ရေးကာလ ၃ နှစ်အတွင်းမှာ ရဲဘော် ၁၉ ဦးအထိ ကျဆုံးထားတယ်လို့လည်း ကိုနေမျိုးက ပြောပါတယ်။
ရှမ်း - မန်း စစ်ဆင်ရေးအတွင်းကျဆုံးရဲဘော်တွေရဲ့မိသားစုဝင်တွေကိုတော့ MOD က ၁၀ သိန်း၊ မန်း PDF က ၁၀ သိန်း၊ ရွှေဘိုခရိုင်တပ်ရင်း ၁၈ က ၁၀ သိန်း၊ စုစုပေါင်း မိသားစု ၁ စု ကို သိန်း ၃၀ ဆီ ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။
တည်းဖြတ် - HP
#မြေလတ်အသံ
#ပြင်ဦးလွင် #ရှမ်းမန်းစစ်ဆင်ရေး #ကျဆုံးရဲဘော် #ဈာပန
Share Share Share