သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်း၊ ပြည်မြို့၊ ဘုရင့်နောင်လမ်းမှာ ဇူလိုင်လ ၂၅ ရက်က ကားတစီးလမ်းဘေးသစ်ပင်ကိုတိုက်မိပြီး ယာဉ်မောင်းဖြစ်သူ ၁ ဦးသေဆုံးကာ ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ ပရဟိတ ပါရမီအသင်းထံက သိရပါတယ်။
ပြည်မြို့၊ ဘုရင့်နောင်လမ်း၊ ရွှေလင်ပန်းဘုရားအနီးမှာ ည ၁၁ နာရီခန့်က အနက်ရောင် SURF ကားတစ်စီး လမ်းဘေးသစ်ပင်ကို ဝင်ရောက်တိုက်မိခဲ့ရာ ကားပေါ်ပါလာသူတွေ ကားအတွင်းမှာ ညှပ်နေပြီး ယာဉ်မောင်း ၁ ဦးသေဆုံးကာ ကားနောက်ခန်းမှာလိုက်ပါလာတဲ့ အမျိုးသား ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ဆိုပါတယ်။
"ကားက ဘယ်ကလာတယ်ဆိုတာ မသိရပါဘူး။ လမ်းဘေးသစ်ပင်ကို ဝင်တိုက်မိတာ။ ကားထဲမှာ အမျိုးသား ၃ ဦး ညှပ်ပြီး ပိတ်မိနေလို့ ဝိုင်းဝန်းကယ်ထုတ်ခဲ့ရတယ်" လို့ ပရဟိတပါရမီအသင်း တာဝန်ရှိသူတဦးက ပြောပါတယ်။
သေဆုံးသူနဲ့ ဒဏ်ရာရသူတွေကို ပရဟိတအသင်းသားတွေနဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေက ပြည်မြို့၊ ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
ဇူလိုင်လ ၂၅ ရက် ညနေ ၄ နာရီအချိန်မှာလည်း ပြည်-ပေါက်ခေါင်းကားလမ်း၊ မှော်ဇာလမ်းဆုံအနီးမှာ ကုန်စိမ်းကားတစီးလမ်းဘေးထိုးကျပြီး ယာဥ်မောင်းတဦး မစိုးရိမ်ရဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
စာတည်း - လင်းဇေ
#မြေလတ်အသံ
#ပဲခူးတိုင်း #ပြည်မြို့ #ဘုရင့်နောင်လမ်း #ယာဉ်တိုက်မှု #သတင်း
Share Share Share