သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်း ပြည်မြို့ မှာ စစ်ကောင်စီက နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အမျိုးသားတဦးကို မနက်တကြိမ်ဖမ်းကာ ပြန်လွှတ်ပေးခဲ့ပြီး ညပိုင်းမှာ ထပ်ပြီးဖမ်းဆီးသွားခဲ့ပါတယ်။
ဧပြီလ ၂၃ရက် မနေ့က မနက် ၁၀နာရီဝန်းကျင်မှာ တစ်ကြိမ်ဖမ်းဆီးခဲ့ပြီး ညနေ ၅နာရီမှာ လွှတ်ပေးခဲ့ပေမယ့် ည ၉နာရီခွဲမှာ ထပ်ပြီးလာဖမ်းသွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
" မနက်ပိုင်းက ကျောင်းသားခေါင်းဆောင်တယောက်ဖုန်းဝင်လာပြီး၊ မေးစရာရှိလို့ဆိုပြီးဖမ်းသွားတာ၊ ညနေ ၅နာရီလောက်ပြန်ရောက်တယ်၊ ညက ကား၂စီးနဲ့ ထပ်ဖမ်းသွားတယ်" လို့ ပြောပါတယ်။
လက်ရှိဖမ်းခံလိုက်ရတဲ့ ပြည်မြို့က ကျော်ကျော်ဉာဏ်ဝင်း ဆိုသူဟာ ၅၀၅ က အမှုနဲ့ တရားစွဲဆိုခံရပြီးထောင်ကျနေရာက ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ် အောက်တိုဘာလ ၁၈ရက်က ပြည်အကျည်းထောင်ကနေ ပြန်လွတ်မြောက်ထားသူတဦးလည်းဖြစ်ပါတယ်။
မြေလတ်အသံ
Share Share Share