ပြည်မှာ မီးလောင်လို့ အမျိုးသား ၁ ဦးသေပြီး နေအိမ် ၃ လုံးပျက်စီး

ပြည်မှာ မီးလောင်လို့ အမျိုးသား ၁ ဦးသေပြီး နေအိမ် ၃ လုံးပျက်စီး

ပဲခူးတိုင်းဒေသကြီး ပြည်မြို့  ရွာဘဲနယ်မြေ ပွင့်လှသိမ်ကုန်းရပ်ကွက်အတွင်းမှာ မီးလောင်ရာက အမျိုးသား ၁ဦး သေဆုံးပြီး နေအိမ် ၃လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇန်နဝါရီလ ၁၅ ရက် ညနေ ၃ နာရီခွဲခန့်မှာ အဲ့ဒီရပ်ကွက် အသက်၆၅နှစ်အရွယ် ဦးသော်ဇင်ဟာ နေအိမ်က ရေခဲသေတ္တာကို ပြုပြင်နေစဥ် ရေခဲသေတ္တာအောက်ရှိ ဂက်(စ်)ကွိုင်ကို ဂဟေဆော်ရာမှ ပေါက်ကွဲပြီး မီးလောင်ခဲ့တာလို့ ဆိုပါတယ်။

"နေတာက တယောက်တည်း။ လူကလည်း လေဖြတ်ထားဖူးတော့ ကျန်းမာရေးကသိပ်မကောင်းဘူး။ ဖြစ်တဲ့အချိန်မှာ ကူညီမယ့်သူတွေလည်း ရုတ်တရက်မရောက်နိုင်လို့ ခုလိုဖြစ်သွားတာ"လို့ ဒေသခံတဦးက ပြောပါတယ်။

ဦးသော်ဇင်ကတော့ နေရာတင် မီးလောင်သေဆုံးခဲ့ပြီး သူ့အိမ်အပါအဝင် ဘေးကပ်လျက်သွပ်မိုးထရံကာ နေအိမ် ၂လုံးလည်း မီးလောင်ပျက်စီးခဲ့တာကြောင့် ကျပ်သိန်း ၂၀၀ ဝန်းကျင်ဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။ 

မီးလောင်ပြီး ၁ နာရီလောက်အကြာမှာ မီးငြိမ်းသတ်နိုင်ခဲ့ပြီး သေဆုံးသူအလောင်းကိုတော့ လူမှုကူညီရေးအသင်တွေက ပြည်ဆေးရုံကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #ပြည် #မီးလောင် #သေဆုံး #အမျိုးသား #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10