သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်း၊ ပြည်မြို့နယ် အနောက်ဘက်ကမ်း၊ သစ်ဆိပ်ပင်ရွာမှာ အသက် ၃၀ ကျော်အရွယ် အမျိုးသား ၁ ဦး ကြိုးဆွဲချသေဆုံးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
စက်တင်ဘာ ၄ ရက် မနက် ၁၁ နာရီခန့်မှာ သစ်ဆိပ်ပင်ရွာနေ အသက် ၃၀ ကျော်အရွယ် အမျိုးသားဟာ နေအိမ်အတွင်းရှိ ခေါင်မိုးထုပ်တန်းမှာ ပုဆိုးနဲ့နိုင်လွန်ကြိုးကို အသုံးပြုကာ ကြိုးဆွဲချသေဆုံးသွားတာလို့ ဆိုပါတယ်။
"အိမ်မှာက သေဆုံးသူရယ်။ သူ့မိန်းမအမေရယ်ပဲ နေတာ။ သူမိန်းမက ပြည်မှာ အလုပ်လုပ်နေတာ။ သူ့ မိန်းမအမေက အပြင်တစ်ချက်သွားတဲ့အချိန်မှာ သေကြောင်းကြံလိုက်တာ" လို့ ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။
ကြိုးဆွဲချသေဆုံးရတဲ့ အကြောင်းရင်းကိုတော့ မသိရသေးဘဲ သေဆုံးသူအမျိုးသားအလောင်းကိုတော့ လူမှုကူညီရေးအသင်းတွေက သယ်ဆောင်ပြီး ပန်းတောင်းပြည်သူ့ဆေးရုံကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။
ဩဂုတ် ၂၈ ရက်က ပြည်မြို့နယ်၊ ထမ္မကောက်အုပ်စု၊ တီတွဒ်ရွာက အသက် ၆၇ နှစ်အရွယ် ဦးထွန်းအေး ကြိုးဆွဲချသေဆုံးမှုအပါအဝင် ပြည်မြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့ဩဂုတ်လအတွင်းက ကြိုးဆွဲချသေဆုံးသူ ၃ ဦးအထိရှိခဲ့ပြီး ၂၀၂၃ ခုနှစ်၊ ၈ လတာ ကာလအတွင်းမှာ ကြိုးဆွဲချသူ ၉ ဦးထက်မနည်း ရှိခဲ့တယ်လို့ သိရပါတယ်။
စာတည်း - ရင်ငြိမ်း
#မြေလတ်အသံ
#ပဲခူး #ပြည် #ကြိုးဆွဲချ #သေဆုံးမှု #သတင်း
Share Share Share