ပြည်သူတဦးရဲ့လှူဒါန်းငွေနဲ့ ချောက်ပြောက်ကျားတပ်ဖွဲ့က AK 47 တလက်ဝယ်နိုင်ခဲ့

ပြည်သူတဦးရဲ့လှူဒါန်းငွေနဲ့ ချောက်ပြောက်ကျားတပ်ဖွဲ့က AK 47 တလက်ဝယ်နိုင်ခဲ့

မကွေးတိုင်း၊ ချောက်မြို့နယ်ထဲမှာ စစ်ကောင်စီကိုတော်လှန်နေတဲ့ Chauk Guerrilla Force(C.G.F) အဖွဲ့ကို AK 47 ၁ လက်ဝယ်ဖို့ ပြည်သူတဦးက မတ်လ ၂၅ရက်မှာ ကျပ်သိန်း ၂၅၀ လှူဒါန်းခဲ့တယ်လို့ Chauk Guerrilla Force(C.G.F) တာဝန်ခံ ကိုဘကွန်း ဆီက သိရပါတယ်။

“CGF တပ်ဖွဲ့မှာ လက်နက်တွေ လိုအပ်ချက်ရှိပါတယ်။ အမာခံထောက်ပံ့နေတဲ့ ပြည်သူတဦးက AK 47 သေနက် ၁ လက်ကို သိန်း ၂၅၀ နဲ့ ဝယ်ယူပြီးတော့ လှူဒါန်းပေးခဲ့တာပါ။“ လို့ Chauk Guerrilla Force(C.G.F) တာဝန်ခံ ကိုဘကွန်းက ပြောပါတယ်။

အလှူရှင်က ငွေသားလှူဒါန်းတာဖြစ်ပြီး Chauk Guerrilla Force(C.G.F) အဖွဲ့က လက်နက်ကို ကိုယ်တိုင်ရှာဖွေဝယ် ယူရတာဖြစ်တယ်လို့ ဆိုပါတယ်။ 

“သေနက်ကတော့ ကျနော်တို့လက်ဝယ်ရောက်ရှိပါပြီ။ ကျနော်တို့အဖွဲ့က ပြောက်ကျား တပ်ဖွဲဖြစ်တာကြောင့် ပြည်သူတွေရဲ့ လှူဒါန်းတဲ့ ပံ့ပိုးမှုတွေနဲ့ တော်လှန်ရေးကိုသွားနေရတာ” လို့ တာဝန်ခံ ကိုဘကွန်းက ဆိုပါတယ်။

ပြည်သူလှူဒါန်းတဲ့ငွေနဲ့ ပစ္စတို ၁ လက်၊ ဒရုန်း ၁ စီး၊ အခု AK 47 ၁ လက်ကို Chauk Guerrilla Force(C.G.F) အဖွဲ့က ဝယ်ယူထားပြီးဖြစ်ပြီး တော်လှန်ရေးရဲဘော်တိုင်းမှာ လိုအပ်ချက်တွေရှိနေတာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်

စာတည်း-လင်းဇေ

#မြေလတ်အသံ

#မကွေးတိုင်း #ချောက် #စစ်ကောင်စီ #ChaukGuerrillaForce #AK47

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10