ပြည်သူတွေ သွေးမအေးဖို့ မန္တလေးက ရပ်ကွက် ၁၀ ခုမှာ တော်လှန်ရေးစာရွက်တွေ လိုက်ကပ်

ပြည်သူတွေ သွေးမအေးဖို့ မန္တလေးက ရပ်ကွက် ၁၀ ခုမှာ တော်လှန်ရေးစာရွက်တွေ လိုက်ကပ်

မန္တလေးတိုင်း၊ မန္တလေးမြို့ပေါ်မှာ ပြည်သူတွေ သွေးမအေးဖို့အရေး ဝက်လက်မြို့နယ်အခြေစိုက် ကျောင်းသားများသမဂ္ဂ (ဗ.က.သများ အဖွဲ့ချုပ်)က တော်လှန်ရေးစာတွေ ရေးသားထားတဲ့ စာရွက်တွေကို ဖေဖော်ဝါရီလ ၁၈ ရက် ဒီမနက်ပိုင်းက ရပ်ကွက် ၁၀ ခုမှာ လိုက်ကပ်ခဲ့ပါတယ်။ 

“မြို့ပေါ်ပြည်သူလူထုက သွေးအေးနေတဲ့အတွက် ဒီနေ့မနက် ၅ နာရီလောက်က ရပ်ကွက် ၁၀ ခုမှာ စာကပ်တဲ့ လှုပ်ရှားမှုလုပ်ခဲ့တာ” လို့ ဝက်လက်မြို့နယ်အခြေစိုက် ကျောင်းသားသမဂ္ဂများ (ဗ.က.သများ အဖွဲ့ချုပ်) ဥက္ကဌ ကိုဟန်မင်းစိုးက ပြောပါတယ်။

ဗ.က.သ များအဖွဲ့ချုပ်အနေနဲ့ မြို့ပေါ်မှာ လုံခြုံ‌ရေးအခြေအနေအရ စာကပ်လှုပ်ရှားမှုတွေနဲ့ ပြောက်ကျားနည်းနဲ့ စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြပွဲတွေသာ လုပ်ဖြစ်တယ်လို့ သိရပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10