ပြည်သူထောက်ပံ့ငွေနဲ့ ပခုက္ကူက တပ်ခွဲ ၁ ခွဲ အတွက် ယူနီဖောင်းတွေပေးအပ်(ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူခရိုင် အမှတ် ၁၅ တပ်ရင်းက တပ်ခွဲ ၁ ခွဲစာ ရဲဘော်တွေကို ပြည်သူတွေရဲ့ထောက်ပံ့ငွေကြေးနဲ့ဝယ်ယူထားတဲ့ ယူနီဖောင်းတွေ ပေးအပ်ခဲ့တယ်လို့ ကျားသစ်နက်တပ်မတော် Black Leopard Army ထံက သိရပါတယ်။

အဲဒီ တပ်ရင်း၊ တပ်ခွဲဟာ ပခုက္ကူအခြေစိုက်ဖြစ်ပြီး ပြီးခဲ့တဲ့ ဧပြီလ ၂၈ ရက်မှာ အခမ်းအနား နဲ့ ပေးအပ်ခဲ့တာလို့ ဆိုပါတယ်။

တပ်ခွဲတွေမှာ လိုအပ်ချက်များစွာရှိနေပြီး ရုန်းကန်မှုတွေကြားက ပေးအပ်ရတာဖြစ်သလို ယူနီဖောင်းမပေးနိုင်တဲ့ ရဲဘော် တပ်ခွဲ ၂ ခွဲစာလောက်ကျန်သေးတယ်လို့ ကျားသစ်နက်တပ်မတော် Black Leopard Army ဥက္ကဌ ကိုဥက္ကာက ပြောပါတယ်။

ဒါအပြင် စစ်မြေပြင်ရှေ့တန်းကိုပို့မဲ့ ရဲဘော်တွေအတွက်လည်း ကျည်ကာ၊ အီကွေးမန့်၊ ဦးထုပ် တွေ တပ်ဆင်ပေးဖို့ လိုအပ်နေဆဲလို့ သူက ဆက်ပြောပါတယ်။ 

ကျားသစ်နက်တပ်မတော် Black Leopard Army ဟာ  ၂၀၂၁ ခုနှစ် ၇လပိုင်းက စတင်ကာ ပြောက်ကျားစနစ်ဖြင့် တိုက်ခိုက်ခဲ့ပြီး MOD ဘက်က တပ်ရင်းတွေစုဖွဲ့ဖို့ လုပ်လာတဲ့အချိန်မှာ တပ်ရင်းတင်ခဲ့ကာ ၂၀၂၂ ခုနှစ် ၁၁ လပိုင်းမှာ အတည်ပြုခံခဲ့ရပြီး စစ်ရေးလှုပ်ရှားမှုတွေ များစွာ လုပ်ခဲ့တယ်လို့ သိရပါတယ်။

တပ်ဖွဲ့အနေနဲ့ စစ်ကောင်စီကို တိုက်လာတာမှာ တိုက်ပွဲပေါင်း ၉၀ ကျော်ရှိပြီး စစ်ကောင်စီတပ်သားအနည်းဆုံး ၂၀၀ ကျော် ရှင်းနိုင်ခဲ့ပြီလို့ ဆိုပါတယ်။

စာတည်း-နွေဦးငြိမ်းချမ်း၊တည်းဖြတ်-HP

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10