ပြည်သူပိုင်ပစ္စည်းတွေ သိမ်းယူသွားတဲ့ စစ်အုပ်စု တိုက်ခိုက်ခံရလို့ ပျူ ၄ ဦးသေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မဒေါင်လှရွာက ပျူစောထီးတွေနဲ့ စစ်သား အင်အား ၄၀ လောက်က ခင်ဦးနယ်ရှိကျေးရွာတချို့ကို ဝင်ရောက်မွှေနှောက်ပြီး ပြည်သူပိုင်ပစ္စည်းတွေကို ယူလာချိန် လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Myanmar's Royal Dragon Army-MRDA အဖွဲ့ဆီက သိရပါတယ်။
 
ဇူလိုင်လ ၈ ရက်မနေ့က နေ့လယ် ၁၁ နာရီလောက်မှာ တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၄ ဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
 
"ကျနော်တို့ အဲ့ဒီရွာအနားကို ကပ်ပြီးပစ်ခတ်ခဲ့တာ၊ အကွာအဝေးတော့ ပြောလို့မရဘူး၊ ထိခိုက်သေဆုံးမှုက သူတို့ဘက်က ၄ ကောင်သေတယ်၊ သူတို့နေတဲ့ စခန်းနေရာကို လက်နက်ကြီး ကျည်ကျတယ်လို့လည်း အတွင်းစကောက်က လှမ်းပြောတယ်”လို့ Myanmar's Royal Dragon Army-MRDA မှ တပ်ခွဲမှူး ဗိုလ်စေတန်က ပြောပါတယ်။
 
ဒီတိုက်ခိုက်မှုကို Myanmar's Royal Dragon Army-MRDAစေတန်၊ Royal Tiger၊ B. W. G. R. F အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
 
"ရွာတွေကစပါးရိတ်စက်တွေကို **တွေခေါ်ပြီး သိမ်းတာကြောင့် သူတို့ရှိတဲ့ မဒေါင်လှ(ပျူရွာ)ကို သွားပြီး ပစ်တာ၊ သူတို့က မဒေါင်လှရွာ ဘေးပတ်ခြာလည်က ပြည်သူပိုင်ပစ္စည်းတွေကို သိမ်းယူကြတာ၊ သူတို့စားစရာပြတ်နေတဲ့ ပုံစံမျိုးပါပဲ၊ ကျနော်တို့ဘက်က အဖွဲ့ ၃ ဖွဲ့ပေါင်းပြီး လက်လုပ် ၆၀ မမ အပါ ၁၅ ချက်လောက် ပစ်ခတ်ခဲ့တာ" လို့ တပ်ခွဲမှူး ဗိုလ်စေတန်က ပြောပါတယ်။
 
မဒေါင်လှရွာဟာ ပျူစောထီးအများစုနေထိုင်တဲ့ ကျေးရွာဖြစ်ပြီး စစ်သားနဲ့ ပျူတွေပေါင်းပြီး တပ်စွဲနေတာလည်း ဖြစ်ပါတယ်။
 
တည်းဖြတ် - ငြိမ်းဇော်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10