ပြည်သူ့စစ်ခေါင်းဆောင်အိမ်ကို လုံခြုံရေးယူတဲ့ စစ်သားတွေ ဒရုန်းနဲ့ ဗုံးကြဲခံရ (ရုပ်/သံ)

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဆင်ချောင်းရွာက ပြည်သူ့စစ်ခေါင်းဆောင် ငလင်းဆိုသူရဲ့ နေအိမ်ကို လုံခြုံရေးယူပေးတဲ့ စစ်သားတွေကို ဇွန် ၂၇ ရက် နေ့လယ်ပိုင်းက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ငလင်းဆိုသူနဲ့ စစ်သား၊ ပျူစောထီးတွေအပါ ၄ ဦး ဒဏ်ရာပြင်းထန်ရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ် အဖွဲ့ဆီက သိရပါတယ်။

ပြည်သူ့စစ်ခေါင်းဆောင်နေအိမ်ကို ဇွန် ၂၇ ရက်နေ့ နေလယ် ၁၂ နာရီမှာ ဒရုန်း ၁ စီးနဲ့ ဗုံး ၈ လုံး ကြဲချခဲ့တာလို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ် ရဲဘော်တဦးက ပြောပါတယ်။ 

"ဆင်ချောင်းရွာက လူတွေက အစောပိုင်းကတည်းက ပြည်သူ့စစ်အဖွဲ့ဝင်ကြတာ။ ငလင်းရဲ့အိမ်နားပတ်ချာလည်ချတာ။ ငလင်းအိမ်ကို လုံခြုံရေးယူပေးနေတာကြားလို့ သူ့အိမ်နဲ့ လက်နက်ဂိုထောင်နားကို ကြဲချခဲ့တာ"လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ် ရဲဘော်တဦးက ပြောပါတယ်။ 

ပြည်သူ့စစ်ခေါင်းဆောင် ငလင်းဆိုသူရဲ့ နေအိမ်ကို ရေစကြိုဖူလုံတပ်က စစ်သား အင်အား ၅၀ ဝန်းကျင်က လုံခြုံရေးယူပေးနေတာလို့ ဆိုပါတယ်။

ဒီ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ်၊ Black cobra (ကမ္မတပ်ပေါင်းစု)၊ Young force UG၊ PKU Thurain၊ အညာမြေ ပြောက်ကျားတပ်ဖွဲ့ (မြိုင်)၊ Shwe Nyar Myae People Defense Force၊ Southern YSO PDF၊ PKU N PDFတို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ရေစကြို #ပြည်သူ့စစ်ခေါင်းဆောင် #နေအိမ် #ဒရုန်း #ဗုံးကြဲ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10