ပြည်သူ့ဒီမိုကရက်တစ်တပ်တော်က ရဲဘော်မဟောက် ကျဆုံးခြင်းတလပြည့် အခမ်းအနားပြုလုပ် (ရုပ်/သံ)

ပြည်သူ့ဒီမိုကရက်တစ်တပ်တော် PDAက ရဲဘော် မဟောက်ကျဆုံးခြင်းတလပြည့် အခမ်းအနားကို တပ်ဖွဲ့အခြေစိုက်ရာ ပခုက္ကူခရိုင်နဲ့ ပုလဲနယ်မှာ စက်တင်ဘာ ၃ ရက်က ကျင်းပခဲ့ကြတယ်လို့ အဲဒီတပ်ဖွဲ့ဆီက သိရပါတယ်။

ရဲဘော်​မဟောက်ဟာ မြိုင်နယ်ထဲက ကိုင်းတောမရဲစခန်းနဲ့ ရေစက်အထိုင်စခန်းတို့ကို ပြီးခဲ့တဲ့ သြဂုတ် ၃ ရက်နေ့မှာ တော်လှန်ရေးပူပေါင်းအဖွဲ့တွေက တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့စဥ် ကျဆုံးခဲ့တာဖြစ်ပါတယ်။ ရဲဘော်မဟောက်ရဲ့ဈာပနကို  သြဂုတ် ၆ရက်မနက်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ကျဆုံးခြင်းတလပြည့် အခမ်းအနားမှာတော့  ရဲဘော်မဟောက် အပါအဝင် အာဇာနည်တွေကို အလေးပြုတာအပြင် တပ်ဖွဲ့တွေ လှုပ်ရှားရာနယ်မြေတွေက ကျေးရွာခံပြည်သူလူထုတွေကို ကြာဇံချက်ဟင်းခါး ချက်ကျွေးမွေးခဲ့ကြတယ်လို့လည်း သိရပါတယ်။

ပြည်သူ့ဒီမိုကရက်တစ်တပ်တော် PDA ဟာ တော်လှန်အင်းအားစု မဟာမိတ်တွေနဲ့ပူပေါင်းပြီ ပခုက္ကူခရိုင်အတွင်းနဲ့ ပုလဲနယ်ထဲမှာ စစ်ရေးလှုပ်ရှားမူတွေကို လုပ်ဆောင်နေတဲ့ တပ်ဖွဲ့တစ်ခုလည်း ဖြစ်ပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ပြည်သူ့ဒီမိုကရက်တစ်တပ်တော်PDA #ကျဆုံးရဲဘော် #မဟောက် #တလပြည့် #အခမ်းအနား 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10