ပြဿဒ်ကြီးရွာကို စစ်တပ်ကဗုံးကြဲလို့ စေတီနဲ့အဆောက်အဦအချို့ ပျက်စီး

ပြဿဒ်ကြီးရွာကို စစ်တပ်ကဗုံးကြဲလို့ စေတီနဲ့အဆောက်အဦအချို့ ပျက်စီး

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ပြဿဒ်ကြီးကျေးကျေးရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာသုံးပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စေတီနဲ့ နေအိမ်အဆောက်အဦတွေ ပျက်စီးခဲ့တယ်လို့ တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။ 

တိုက်ပွဲဖြစ်တာမရှိဘဲ စက်တင်ဘာ ၁၅ ရက် မနက် ၁ နာရီလောက်မှာ တံတားဦးလေတပ်ဘက်ကလာတဲ့ စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာ ၁ စီးက ဗုံး ၂ လုံးကြဲချခဲ့တာလို့ ဆိုပါတယ်။ 

“လေယာဉ်က ပထမတကြိမ်ဝဲတယ်၊ နောက်တကြိမ်ကျမှ ဗုံးကြဲသွားတာ။ အဲ့ဒီနားဝန်းကျင်က ပြည်သူတွေရှောင်လိုက်နိုင်တယ်။ ဘုန်းကြီးကျောင်းဆောင်နဲ့ စေတီပျက်စီးတယ်။ ပြည်သူ့နေအိမ် ၃ လုံး အမိုးအကာတွေ လန်ထွက်သွားတယ်” လို့ တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

ပထမအကြိမ်လေယာဥ်ဝဲချိန်မှာ ဒေသခံအများစု တိမ်းရှောင်နိုင်လိုက်တဲ့အတွက် ဒီတိုက်ခိုက်မှုမှာ ပြည်သူတွေထိခိုက်မှုမရှိခဲ့တာဖြစ်ပြီး လက်ရှိမှာတာ့ ဒေသခံတွေဟာ ကျေးရွာကိုပြန်လည်ဝင်ရောက်နေကြပြီလို့ သိရပါတယ်။ 

ပြီးခဲ့တဲ့ စက်တင်ဘာ ၁ ရက်ကလည်း ‌ကျောက်ပန်းတောင်းမြို့နယ်၊ မြင်းခြံကုန်းရွာက ၂ ထပ်တိုက်ကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့တာကြောင့် ပြည်သူ ၄ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့ပါသေးတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#မန္တလေး #တောင်သာ #လေကြောင်း #ဗုံးကြဲ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10