ပွဲကောက်ရေတံခွန်မှာ လူငယ် ၃ ဦးရေနစ်ပြီး ၁ ဦးသေဆုံး

ပွဲကောက်ရေတံခွန်မှာ လူငယ် ၃ ဦးရေနစ်ပြီး ၁ ဦးသေဆုံး

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့၊ ပွဲကောက်ရေတံခွန်မှာ ရေဆင်းကစားသူ လူငယ် ၃ ဦးရေနစ်ပြီး ၁ ဦးသေဆုံးသွားတယ်လို့ သိရပါတယ်။

ဒီဇင်ဘာလ ၂၅ ရက်မနေ့ကနေ့လည် ၂ နာရီဝန်းကျင်မှာ မကွေးတိုင်း၊ စလင်းမြို့နယ်ဘက်ကနေ လာရောက်လည်ပတ်သူ ခရီးသွားဧည့်သည်ထဲက အမျိုးသားလူငယ် ၂ ဦးနဲ့ အမျိုးသမီးငယ် ၁ ဦးတို့ဟာ ရေတံခွန်ရေအိုင်အတွင်း ရေဆင်းကူးရာမှ ရေနစ်ခဲ့တာလို့ ဒေသခံလူမှုအဖွဲ့အစည်း တာဝန်ရှိသူတဦးက ပြောပါတယ်။

"သူတို့က စလင်းဘက်ကလာလည်ကြတာ။ သူတို့အဖွဲ့ထဲကလူငယ်ကလေးတွေ ရေဆင်းကူးရာကနေ ၃ ယောက်ရေနစ်တာပေါ့။ အဲမှာ လူငယ်အမျိုးသား ၁ ယောက်တော့ဆုံးသွားတယ်။ ကျန် နှစ်ယောက်ကတော့ အသက်ရှင်လျက်ပြန်ကယ်လို့ရသွားတယ်"လို့ ပြောပါတယ်။

သေဆုံးသူဟာ အသက် ၁၅ နှစ်အရွယ်အမျိုးသားဖြစ်ပြီး အလောင်းကိုတော့ပြင်ဦးလွင်ဆေးရုံကို ပို့ထားရတယ်လို့ ဆိုပါတယ်။

အဲဒီနေ့ကခရစ်စမတ်နေ့ဖြစ်သလို ရုံးပိတ်ရက်လည်းဖြစ်တာကြောင့် ပြင်ဦးလွင်ပန်းပွဲတော်နဲ့ ပွဲကောက်ရေတံခွန်ကို လာရောက်လည်ပတ်သူ အများအပြားရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ၂၀၂၁ ခုနှစ်တုန်းကလည်း ပွဲကောက်ရေတံခွန်အောက်နားက သုံးထပ်ရေတံခွန်နားမှာ အလည်လာသူ အမျိုးသား ၁ ဦးရေနစ်သေဆုံးခဲ့ဖူးတယ်လို့ သိရပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10