ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ PDF ရဲဘော်တွေကို ပဲပြုတ်နံပြားကျွေး (ရုပ်/သံ)

ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ အထိမ်းအမှတ်အဖြစ် စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အရှေ့ခြမ်း Bo Tiger-ဗိုလ်ကျားကြီးစခန်းမှာ ရဲဘော်တွေကို ပဲပြုတ်နဲ့ နံပြားကျွေးခဲ့တယ်လို့သိရပါတယ်။

ဖေဖော်ဝါရီ ၁၃ ရက် မနက် ၇ နာရီမှာ စတင်ကျွေးမွေးခဲ့တာဖြစ်ပြီး တပ်ဖွဲ့ရဲဘော်တွေကိုပဲ ကျွေးမွေးခဲ့တာလို့ ဆိုပါတယ်။

အဲဒီကျွေးမွေးမှုကိုတော့ ရွှေဘိုလွတ်လပ်သော ထောက်ပို့အဖွဲ့ကဦးစီးပြီး အလှူရှင်တွေဆီက ငွေကြေးနဲ့ ကျွေးမွေးခဲ့တာလို့ သိရပါတယ်။

ယနေ့ ဖေဖော်ဝါရီ ၁၃ ရက်ဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ၁၀၉ နှစ်ပြည့်မွေးနေ့ဖြစ်ပြီး တခြား ဒေသတွေမှာလည်း မွေးနေ့အထိမ်းအမှတ်အဖြစ် လှုပ်ရှားမှုတွေကို ပြုလုပ်နေကြပါတယ်။

စာတည်း-နွေဦးငြိမ်းချမ်း၊ တည်းဖြတ်-ငြိမ်းဇော်

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ဝက်လက်မြို့နယ် #ဗိုလ်ကျားကြီး #PDF #ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ #ပဲပြုတ်နံပြား #မြေလတ်သတင်း #ရုပ်သံသတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10