ဘိန်းမဲ ၁ ပိဿာ စိတ်ကြွဆေး အလုံး ၄၀၀ ရောင်းချသူ ၂ ဦးကို PDF ဖမ်းဆီး (ရုပ်/သံ)

မကွေးတိုင်း၊ မြို့သစ်မြို့နယ်၊ အိုင်မအုပ်စု၊ သီးချောကုန်းကျေးရွာက မူးယစ်ဆေးဝါးဖြန့်ဖြူးရောင်းချသူ အမျိုးသား ၂ ဦးကို ဖမ်းမိခဲ့တယ်လို့ နေပြည်တော်စစ်ဒေသ၊ ၉၀၃ တပ်ရင်း၊ ဂဠုန် PDF နတ်မောက် အဖွဲ့ဆီက သိရပါတယ်။

စက်တင်ဘာ ၁၄ ရက် ညနေ ၆ နာရီလောက်မှာ အိုင်မကျေးရွာအနီး ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ စစ်ဆေးရေးလုပ်နေချိန်မှာ အဆိုပါအမျိုးသား ၂ ဦးကို ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။ 

“သူတို့ ဘိန်းမဲသယ်လာတာကို ကျနော်တို့စစ်ဆေးတာမှာ မိတာပါ။ ဘိန်းမဲ ၁ ပိဿာနဲ့ 88 စိတ်ကြွဆေး ၄၀၀ ပြားမိတာပါ။ ပစ္စည်းပိုင်ရှင်က‌တော့ ကိုညိုကြီးပါ။ အဖော်လိုက်ပါသူကတော့ ကိုမြင့်ပါ။” လို့ နေပြည်တော်စစ်ဒေသ၊ ၉၀၃ တပ်ရင်း၊ ဂဠုန် PDF နတ်မောက် ခေါင်းဆောင် ဗိုလ်အောင်ဒင်က ပြောပါတယ်။

အဖမ်းခံရသူတွေဟာ သီးချောကုန်းကျေးရွာက အသက် ၆၀ အရွယ် ဦးညိုကြီးနဲ့ ၆၁ နှစ်အရွယ် ကိုမြင့်တို့ဖြစ်ပြီး စစ်ဆေးမေးမြန်းရာမှာလည်း မူးယစ်ဆေးဝါးဖြန့်ဖြူးရောင်းချတဲ့အပြင် သူတို့ကိုယ်တိုင်သုံးစွဲကြောင်း ထွက်ဆိုကြတယ်လို့ ဗိုလ်အောင်ဒင်က ပြောပါတယ်။

လက်ရှိမှာတော့ အဖမ်းခံရသူတွေကို တပ်ဖွဲ့ဝင်တွေကထိန်းသိမ်းထားကာ ဂဠုန် PDF နတ်မောက် အဖွဲ့ဟာ နေပြည်တော်စစ်ဒေသ ၃ လက်အောက်ခံဖြစ်တာကြောင့် ဖမ်းဆီးခံရသူတွေကို စစ်ဒေသ ၃ ကွပ်ကဲရေးမှူးတွေရဲ့ဆုံးဖြတ်ချက်အတိုင်း လုပ်ဆောင်သွားဖို့ရှိတယ်လို့လည်း ဆိုပါတယ်။ 

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ၁၂ လပိုင်းကလည်း မူးယစ်ဆေးရောင်းသူ ၁ ဦးကို ဖမ်းဆီမိကာ နေပြည်တော်စစ်ဒေသ ၉၀၃ တပ်ရင်း၊ ဂဠုန် PDF နတ်မောက် အဖွဲ့က စုစုပေါင်း ၃ ဦးအထိ ဖမ်းဆီးရမိထားတယ်လို့လည်း သိရပါတယ်။ 

စာတည်း - လင်း၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#မကွေး #မြို့သစ် #မူးယစ်ဆေး #ဖမ်းဆီး #မြေလတ်ရုပ်သံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10