ဘိုထိုင်အိမ်သာထဲမှာရှိနေတဲ့ အဆိပ်ပြင်းမြွေ ကိုက်ခံရလို့ ကျောင်းသူ ၁ ဦးသေဆုံး

ဘိုထိုင်အိမ်သာထဲမှာရှိနေတဲ့ အဆိပ်ပြင်းမြွေ ကိုက်ခံရလို့ ကျောင်းသူ ၁ ဦးသေဆုံး

မကွေးတိုင်း၊ ပခုက္ကူမြို့၊ အမှတ် ၁ ရပ်ကွက်၊ ကျောက်စေတီလမ်းမှာ နေထိုင်တဲ့ အထက်တန်း ကျောင်းသူ ၁ ဦး မြွေကိုက်ခံရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

နိုဝင်ဘာ ၂၄ ရက် ည ၆ နာရီကျော်ခန့်မှာ အသက် ၁၇ နှစ်ခန့်ရှိကျောင်းသူ မလင်းလင်းမြတ်ဟာ ကျူရှင်ကနေ နေအိမ်ပြန်လာပြီးနောက် ရေအိမ်(အိမ်သာ) ဝင်ချိန်မှာ အကိုက်ခံခဲ့ရတာလို့ ဆိုပါတယ်။

"ဘိုထိုင်အိမ်သာထဲကနေ သူတင်ပါးကို ကိုက်လိုက်တာ။ အိမ်သာထိုင်တဲ့အထိုင်မှာ ကိုက်တာ။ ဆေးရုံရောက်တာနဲ့ တန်းသေတာပါပဲ။” လို့ ဒေသခံတဦးက ပြောပါတယ်။

မြွေကိုက်ခံရတာကို သိသိချင်း မိသားစုဝင်တွေက နီးစပ်ရာ ပရဟိတအဖွဲ့တွေကို ဆက်သွယ်ခဲ့ကာ  ဆေးရုံကိုပို့ခဲ့ပြီး ဆေးရုံအရောက်သေဆုံးသွားတာဖြစ်ပြီး မြွေကိုက်ခံထိချိန်နဲ့ ဆေးရုံရောက်ချိန်ကြားမှာ အချိန် ၁ နာရီဝန်းကျင်လောက် ကြာခဲ့တယ်လို့ ဆိုပါတယ်။

သူတို့နေထိုင်တဲ့ရပ်ကွက်ဟာ မြို့လယ်ရပ်ကွက်တခုသာဖြစ်ပြီး အနီးဝန်းကျင်မှာလည်း ခြုံနွယ်တွေရှိတဲ့ နေရာမျိုးမဟုတ်ဘူးလို့ ဆိုပါတယ်။

အကိုက်ခံရပြီးနောက် မိသားစုဝင်တွေနဲ့ ရပ်ကွက်နေသူတွေက ရှာဖွေခဲ့ရာ မြွေဟောက်အမျိုးအစား မြွေကိုတွေ့ရှိခဲ့ကာ ရိုက်သတ်ပြီး မီးရှို့လိုက်ကြတယ်လို့ အထက်ပါဒေသခံက ပြောပါတယ်။ 

မလင်းလင်းမြတ်ရဲ့ အလောင်းကိုတော့ ဆေးရုံတာဝန်ကျ ဆရာဝန်တွေက စစ်ဆေးပြီး ညတွင်းချင်း အလောင်းကို နေအိမ်ပြန်သယ်ကာ နိုဝင်ဘာ ၂၅ ရက် ဒီညနေမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #ပခုက္ကူ #မြွေကိုက်သေဆုံး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10