ဘုတလင်ကနေ နမခကိုပြန်တဲ့စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရလို့ ၁၀ ဦးသေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ်မှာ ပြည်သူ ၅၃ ဦးကို ဖမ်းလာတဲ့အင်အား၂၀၀ ပါ စစ်ကောင်စီတပ်ရဲ့ ခြေလျင်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ဘသူကြွယ်စစ်ကြောင်းဆီက သိရပါတယ်။

အဲဒီစစ်ကြောင်းဟာ ဘုတလင်မြို့ကနေ မုံရွာနမခကိုသွားတာဖြစ်ပြီး ဘုတလင်မြို့နဲ့ ၄ မိုင်ခန့်အကွာ ညောင်ပင်ကန်ရွာအနီး စစ်ကြောင်းရောက်ချိန် မနက် ၁၁ နာရီလောက်မှာ အသင့်ထောင်ထားတဲ့ မိုင်း ၁၀ လုံး ၃ ပွိုင့်နဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးနောက် ၄၅ မိနစ်လောက် အနီးကပ်တိုက်ပွဲဖြစ်ခဲ့ကြပါတယ်။

ကြားဖြတ်တိုက်ခိုက်ခံရမှုမှာ ဓားစာခံပြည်သူတွေထိခိုက်မှုမရှိခဲ့ဘဲ ဆက်လက်ဖမ်းဆီးသွားပြီး ဇီးတောကြီးရွာအရောက်မှာတော့ ဓားစာခံပြည်သူတွေနဲ့ စစ်သားတွေကိုနမခ က ကားနဲ့လာခေါ်သွားတယ်လို့ဆိုပါတယ်။

အဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က ဒုတပ်ကြပ် ဇော်ဝင်းအောင် ပွဲချင်းပြီးသေဆုံးကာ ဒဏ်ရာရစစ်သားတွေကိုနမခရှိ ဆေးရုံကို ပို့ထားတယ်လို့ ဆိုပါတယ်။

နိုဝင်ဘာ ၁၅ ရက်မှာ နမခဆေးရုံမှာဆေးကုနေရတဲ့ ဒဏ်ရာရစစ်သားတွေထဲက ၉ ဦးထပ်မံသေဆုံးသွားတယ်လို့ ယင်းမာခရိုင်အမှတ် ၉ တပ်ရင်း၊ ဘသူကြွယ်စစ်ကြောင်းရဲ့ စစ်ကြောင်းမှူး စေတန်ကပြောပါတယ်။

အဲ့ဒီတိုက်ပွဲကို အနောက်မြောက်ဒေသ ပြည်သူ့ကာကွယ်ရေးတပ် North Western People Defence Force NWPDF၊ ယင်းမာခရိုင် အမှတ် ၉ တပ်ရင်းရုံးစစ်ကြောင်းနဲ့ Ba Thu Kyawal Column တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဓားစာခံပြည်သူ ၅၃ ယောက်ဟာ ဘုတလင်ကနေ နမခကိုလာတဲ့လမ်းတလျှောက်ရှိ ရပ်ကွက်နဲ့ရွာတွေကဖမ်းဆီးလာတဲ့ပြည်သူတွေဖြစ်ပြီး နိုဝင်ဘာ ၁၄ ရက် မုံရွာ နမခကိုရောက်ချိန်မှာ စစ်တပ်အရာရှိ ၁ ဦးက လူတစ်ဦးကို ငွေ ၃၀၀၀ ကျပ်ပေးကာ ပြန်လွှတ်ပေးလိုက်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၇ ရက်ကလည်း စစ်သားနဲ့ပျူတွေဟာ ဘုတလင်မြို့ နယ်၊ စီပါရွာကို ဝင်ရောက်စီးနင်းပြီး ပြည်သူ ၆ ဦးကိုသတ်ဖြတ်ကာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။

တည်းဖြတ် - HP

#မြေလတ်အသံ

#ဘုတလင် #စစ်တပ် #စစ်ကြောင်း #တိုက်ခိုက် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10