သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ ဇွန် ၁၃ ရက်က စစ်ကောင်စီရဲ့ လေယာဉ်ဗုံးကြဲခဲ့တာကြောင့် ညောင်ကုန်း ကျေးရွာက ဒေသခံအရပ်သား ၂ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဇွန် ၁၃ ရက် ည ၇ နာရီ ၂၅ မိနစ်အချိန် တံတားဦးလေဆိပ်ကထွက်လာတဲ့ ဂျက်ဖိုက်တာ ၂ စီးထဲက ၁ စီးဟာ ညောင်ကုန်းရွာဝန်းကျင်ကို ဗုံးကြဲချခဲ့တာကြောင့် ရွာအပြင်သို့ ထွက်ပြေးတိမ်းရှောင်ကြတဲ့ ညောင်ကုန်းရွာက အသက် ၅၀ အရွယ် ဦးမင်းငြိမ်းဟာ ဦးခေါင်းပြတ်ထွက်သွားပြီး ဇနီးဖြစ်သူ အသက် ၅၂ နှစ်အရွယ် ဒေါ်စန်းစန်းဌေးကတော့ ဦးခေါင်းညာဘက်ခြမ်းပွင့် သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။
အလားတူ ထန်းတောကျေးရွာက အမျိုးသမီးတဦးလည်း ဗုံးစထိမှန်ပြီး ပေါင်ကျိုးသွားတယ်လို့ ဒေသခံတွေ ထံက သိရပါတယ်။
အဆိုပါ ဂျက်လေယာဉ် ၂ စီးထဲက တစီးဟာ ကံစွယ်၊ မရိုးတော ၊ ညောင်ကုန်း၊ ထန်းတော စရှိတဲ့ကျေးရွာအနီး ဝန်းကျင်တွေကို ၅ မိနစ်နီးပါးပစ်ခတ်သွားပြီး ကျန်တစီးကတော့ ဘုတလင်မြို့နယ်ကို လှည့်ပတ်ခဲ့တယ်လို့ လည်း ဆိုပါတယ်။
လေယာဉ်ဗုံးကြဲတာကြောင့် ရွာအပြင်ရှောင်တိမ်းသူတွေ ထိခိုက်ခဲ့ပေမယ့် ကျေးရွာထဲက လူနေအိမ်တွေ ထိခိုက် ပျက်စီးတာမျိုး မရှိခဲ့ဘူးလို့ ဆိုပါတယ်။
စာတည်း - လင်းဇေ
#မြေလတ်အသံ
#စစ်ကိုင်းတိုင်း #ဘုတလင် #စစ်ကောင်စီ #လေယာဉ်ဗုံးကြဲ #ညောင်ကုန်း
Share Share Share