ဘုန်းကြီးမောင်းလာတဲ့ကား သစ်ပင်ဝင်တိုက်ပြီး ၅ ဦးဒဏ်ရာရ

ဘုန်းကြီးမောင်းလာတဲ့ကား သစ်ပင်ဝင်တိုက်ပြီး ၅ ဦးဒဏ်ရာရ

မကွေးတိုင်း၊ အောင်လံမြို့နယ်၊ ကသစ်ကန်ကျေးရွာအနီး ပြည်-အောင်လံကားလမ်းပေါ်မှာယာဥ်တိုက်မှုဖြစ်ပြီး ဘုန်းကြီး ၁ ပါးအပါအဝင် ၄ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇွန်လ ၁၈ ရက် မနက် ၇ နာရီခန့်မှာ ပြည်မြို့၊ ကျောက်ဆည်ကျောင်းတိုက်က ဘုန်းကြီးတပါးမောင်းနှင်လာတဲ့ကားဟာ အောင်လံမြို့ဘက်ကိုသွားချိန် မျက်နှာချင်းဆိုင်မောင်းနှင်လာတဲ့ဆိုင်ကယ်ကို ရှောင်လိုက်ရာမှ လမ်းဘေးသစ်ပင်ကို ဝင်တိုက်မိခဲ့တာလို့ဆိုပါတယ်။

"ဆိုင်ကယ်သမားက ကားလမ်းဘက်ခြမ်းဝင်လာလို့ ကားကရှောင်လိုက်တာ။ အရှိန်လည်းပါနေတော့ ရုတ်တရက်ဆိုတော့ လမ်းဘေးသစ်ပင်ဝင်တိုက်တာ။ ဖြစ်ချင်တော့သစ်ပင်မှာက နွားတကောင်ကို ချည်ထားတာ။ နွားကိုပါကားက တိုက်မိသွားတာ"လို့ ဒေသခံတဦးက ပြောပါတယ်။

ယာဥ်တိုက်မှုကြောင့် ယာဥ်ပေါ်ပါ သက်တော် ၄၀ အရွယ် ဘုန်းကြီးတပါး၊ အသက် ၃ နှစ်ကျော် ကလေးငယ် ၁ ဦးနဲ့ အသက် ၄၀ ဝန်းကျင် လင်မယား ၂ ဦးတို့ ခြေထောက်လက်တွေနဲ့ ဦးခေါင်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ 

ထိခိုက်ဒဏ်ရာရသူတွေကိုတော့ ဒေသခံတွေက ပြလို့တိုက်နယ်ဆေးရုံကတဆင့် ပြည်ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။ 

မေလ ၂၉ ရက်ကလည်း ပြည်မြို့၊ တီတွတ်ဂေါက်ကွင်းအနီး ပြည်-အောင်လံ ကားလမ်းမပေါ်မှာ ကားတိုက်ခံရလို့ ရဲတပ်ကြပ်ကြီး ၁ ဦး သေဆုံးသွားပြီး သမီးဖြစ်သူဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #အောင်လံ #ယာဥ်တိုက်မှု #ဒဏ်ရာရ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10