ဘုရားထီးတင်ပွဲကပြန်လာတဲ့ကား တိမ်းမှောက်လို့ ၁ ဦးသေ၊ ၁၄ ဦးဒဏ်ရာရ

ဘုရားထီးတင်ပွဲကပြန်လာတဲ့ကား တိမ်းမှောက်လို့ ၁ ဦးသေ၊ ၁၄ ဦးဒဏ်ရာရ

ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်၊ ကျောက်တိုင်ကျေးရွာအနီး ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်မှာ ဘုရားထီးတင်ပွဲကပြန်လာတဲ့ ဟိုက်ဂျက်ကားတစီး တိမ်းမှောက်ပြီး ၁ ဦးသေဆုံးကာ ၁၄ ဦးဒဏ်ရာရသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဧပြီ ၂၄ ရက် နေ့လယ် ၂ နာရီခွဲခန့်မှာ မန္တလေးဘက်ကနေ အုတ်တွင်းမြို့ဘက်ကို မောင်းလာတဲ့ ကားက ကျောက်တိုင်ကျေးရွာ တံတားအနီးအရောက်မှာ နောက်ဘီးပေါက်ပြီး တိမ်းမှောက်သွားတာလို့ ဆိုပါတယ်။

"ကားက အရှိန်လည်းပါတော့ ဘီးကပေါက်သွားပြီး မှောက်သွားတာ။ ယာဥ်မောင်းအပါအဝင် ကားပေါ်မှာ ၁၅ ယောက်လောက်ပါတယ်။ အမျိုးသမီးတဦးကတော့နေရာမှာပဲ သေဆုံးသွားတယ်"လို့ ဒေသခံတဦးကပြောပါတယ်။

အဆိုပါကားပေါ်မှာ လိုက်ပါလာသူတွေဟာ ညောင်ခြေထောက်မြို့က ဒေသခံတွေဖြစ်ပြီး အနောက်သရက်တောကျေးရွာ ဘုရားထီးတင်ပွဲအပြီး နေရပ်ကိုပြန်လာကြတာလို့ ဆိုပါတယ်။

ယာဥ်တိမ်းမှောက်တာကြောင့် ယာဥ်ပေါ်ပါ အသက် ၂၀ မှ ၅၀ ကြား အမျိုးသား ၆ ဦးနဲ့အမျိုးသမီး ၉ ဦးအနက် အသက် ၅၀ အရွယ်အမျိုးသမီး ၁ ဦးက နေရာတင်သေဆုံးသွားခဲ့တာဖြစ်ပါတယ်။

ဒဏ်ရာရရှိသူတွေကိုတော့ ဒေသခံလူမှုကူညီရေးအသင်းတွေက အုတ်တွင်းဆေးရုံနဲ့တောင်ငူဆေးရုံကို တင်ပို့ထားကာ ဆေးကုသမှုခံယူနေရတယ်လို့ ဒေသခံတဦးကပြောပါတယ်။ 

ဧပြီ ၂၂ ရက်ကလည်း အုတ်တွင်းမြို့နယ်၊ ဘန့်ဘွေးကုန်းကျေးရွာ ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်မှာ စပါးအိတ်တင်လာတဲ့ ဖောကားနဲ့ ဆီဘောက်ဆာကားတိုက်ပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ပါသေးတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #အုတ်တွင်း #ကျေက်တိုင်ကျေးရွာ #ရန်ကုန်-မန္တလေးလမ်းဟောင်း #ကားမှောက် #သေဆုံး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10